CODA (2022)
———————
ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ 2022 Oscarရဲ့ “Best picture” ဆုရရှိသွားတဲ့ CODA ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်
ဒီဇာတ်ကားလေးကိုတော့ ဒါရိုက်တာ Sian Heder ရိုက်ကူးထားပြီး Emilia Jones,Troy Kotsur, Marlee Matlin, Daniel Drrantတိုအပြင် တခြားသရုပ်ဆောင်ပေါင်းများစွာက ပါဝင်သရုပ်ဆောင်ထားပါတယ်
ဇာတ်လမ်းလေးရဲ့ အကျဉ်းချုပ်ကတော့
အသက်၁၇နှစ်အရွယ်ရှိတဲ့ ရူဘီ(Emilia Jones)ဟာ သူ့ရဲ့မိသားစုထဲမှာ တစ်ဦးတည်းသော အကြားအားရုံရတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ မနက်တိုင်း ကျောင်းတက်နေရင်း မိသားစုငါးဖမ်းလုပ်ငန်းမှာ သူ့အစ်ကို(Daniel Drrant)နဲ့အဖေ(Troy Kotsur)တိုကို ကူညီပြီး ငါးဖမ်းထွက်လေ့ရှိပါတယ်။ သူ့ရဲ့ အကြားအားရုံချိုယွင်းနေတဲ့ အဖေ နဲ့ အမေ အစ်ကိုတိုကို သူများတွေနဲ့ ဆက်သွယ်နိုင်အောင် ဘာသာပြန်ပေးရင်း သူဟာ ကလေးဘဝကတည်းက မိသားစုနဲ့ အသံတွေကြားရတဲ့ကမ္ဘာကြီးကြားမှာ ပေါင်းကူးတံတားလိုဖြစ်နေခဲ့ပါတယ်။ နောက်ပိုင်း သူ ကျောင်းက သံဆိုတေးသီဆိုဖွဲထဲ ဝင်ပြီးနောက်ပိုင်း သူအရမ်းနှစ်သက်တဲ့ သီချင်းသီဆိုတဲ့ အရည်အချင်းကို ရူဘီရှာတွေ့သွားတဲ့အခါမှာတော့
သီချင်းတွေက သူနဲ့ မိသားစုကြားမှာ ဘယ်လို နားလည်ဖိုခက်ခဲတဲ့အရာမျိုးတွေကို ယူဆောင်လာမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုလိုရမဲ့
ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်
ကြည့်ရှုခံစားပေးကြပါဦး
Translated by June
Encoded By Zion