ဒီတစ်ခါတင်တင်ဆက်ပေးမယ့်ဇာတ်ကားသစ်လေးကတေ့ာ Woori The Virgin ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်
ဇာတ်လမ်းအကျဥ်းကတော့ အိုဝူရီက နာမည်ကြီး ဒရာမာဇာတ်လမ်းကွဲရဲ့ လက်ထောက်စာရေးဆရာမတစ်ယောက်ဖြစ်ပြီးတော့ သူမက အိမ်ထောင်မပြုမချင်း အပျိုစင်ဘဝနဲ့ ဖြူဖြူစင်စင်နေမယ်ဆိုတဲ့စိတ်နဲ့ စိတ်ကူးယဥ်ဆန်တဲ့အချစ်ရေးကိုရှောင်ပြေးနေတဲ့သူတစ်ယောက်။ သူမက သစ္စာရှိတဲ့ ရဲအရာရှိ လီဂန်းဂျယ်နဲ့ချိန်းတွေ့နေခဲ့ပြီးတော့ တစ်နေ့မှာ ပုံမှန်ဆေးစစ်ချက်တစ်ခုကိုပြုလုပ်ဖို့ဖြစ်လာခဲ့ပြီး ရှုပ်ထွေးတဲ့ ပြဿနာရပ်တစ်ခုစတင်လာခဲ့တယ်။ သူက မှားယွင်းပြီးမတော်တဆ ဖန်ပြွန်သန္ဓေသား လုပ်တာခံလိုက်ရတယ်။
နောက်ကျမှကိုယ်ဝန်ရှိတာကိုသတိထားမိသွားပြီး ဒီပြဿနာကိုသေချာစုံစမ်းဖို့တောင်းဆိုခဲ့တယ်။ သူမနောက်မှသိလိုက်ရတာက ကိုယ်ဝန်ဆောင်ထားရတဲ့ ကလေးအလှူရှင်က Diamond Cosmetics အမည်ရှိပြီး ထင်ရှားတဲ့ အလှကုန်လုပ်ငန်းတစ်ခု CEOဖြစ်တယ်ဆိုတာပါပဲ။ရက်ဟယ်လို့အမည်ခံတဲ့ CEO က သူ့အမျိုးသမီး လီမာရီနဲ့ ကွာရှင်းပြက်စဲမှုအရှုပ်အရှင်းကိုရင်ဆိုင်နေရတယ်။ လီမာရီကတော့ လှပတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပြီးတော့ သူ့ယောကျ်ားရဲ့ ငွေကြေးတွေကြောင့် ကွာရှင်းမှုမလုပ်ချင်တဲ့သူတစ်ဦးပါ။ဒါပေမဲ့ ရက်ဟယ်က သူအဖေဖြစ်လာတော့မယ်ဆိုတာသိပြီး အိုဝူရီနဲ့ဆက်သွယ်မှုတွေကနေတစ်ဆင့်အိုဝူရီနဲ့ဆက်သွယ်မှုတွေကနေတစ်ဆင့် ဘယ်လိုပြဿနာတွေ ပိုပိုပြီးရှုပ်ထွေးလာဦးမလဲဆိုတာစိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်မဲ့ Woori The Vrigin ပဲဖြစ်ပါတယ်
Translated by Hsu Htet , Channie , Moni , Hana , Rhea
Encoded by Aye Chan