Switch Mode
Captain America: The Winter Soldier (2014) MCU
Rating 7.7
Trailer
Bookmark
Followed 3 people

Captain America: The Winter Soldier (2014) MCU

Watch full episodes Captain America: The Winter Soldier (2014) MCU, download Captain America: The Winter Soldier (2014) MCU english subbed, Captain America: The Winter Soldier (2014) MCU eng sub, download Captain America: The Winter Soldier (2014) MCU eng sub, stream Captain America: The Winter Soldier (2014) MCU at MMFILM.
Status: Completed Released: 04 Apr 2014 Duration: 136 min Country: Type: Movie Director: , Casts: , , , Posted by: admin Released on: Updated on:
Watch streaming Captain America: The Winter Soldier (2014) MCU English Subbed on MMFILM. You can also download free Captain America: The Winter Soldier (2014) MCU Eng Sub, don't forget to watch online streaming of various quality 720P 360P 240P 480P according to your connection to save internet quota, Captain America: The Winter Soldier (2014) MCU on MMFILM MP4 MKV hardsub softsub English subbed is already contained in the video.

Synopsis Captain America: The Winter Soldier (2014) MCU

ဒီဇာက်ကားက Captain America: The Winter Solider ကာတွန်းစာအုပ်ကို အခြေခံပြီး ရိုက်ကားထားတာ ဖြစ်သလို၊ ကာတွန်းထဲက ဇာတ်ဝင်ခန်းတော်တော်များများကိုလည်း ဇာတ်ကားမှာ အသုံး ပြုထားတာတွေ့ရပါတယ်။ ဒါကြောင့် Comic ပရိတ်သတ်တွေအကြိုက်တွေ့စေမှာလည်းဖြစ်ပါတယ်။ ဒါအပြင် Captain America က ဒီကားမှာ အရင်ကားတွေထက် (Captain America: The First Avenger, Avengers) အက်ရှင်ခန်းတွေ၊ Fighting ခန်းတွေပိုများပြီး၊ Fight Scene တွေကလည်းတကယ့်ကို ပီပီပြင်ပြင် ရိုက်ကူးထားတာတွေ့ရပါတယ်။

အထူးသဖြင့် ပထမဆုံး အခန်းမှာဆိုရင် Captain America ရဲ့ Speed, Agility, Strength နဲ့ သူ့ရဲ့ Shield ကိုသုံးပြီး ရန်သူတွေကို ရင်ဆိုင်သွားတာကလည်း လက်ရှိထွက်ထားသမျှ Superheros ကားတွေအားလုံးထဲ မှာ အကောင်းဆုံး Fight Scene လို့ပြောလို့ရပါတယ်။ ကျွန်တော့်အကြိုက်ဆုံး Batman ကားတွေထဲက Fight Scene ထက်တောင်မှပိုကောင်းပါတယ်။
ဇာတ်လမ်းအားဖြင့်တော့ သာမန် အဆင့်သာရှိပေမယ့် ဒီကားက Marvel Universe ထဲမှာ ထပ်မံထွက်မယ့် Avengers: Age of Ultorn အတွက် ဇာတ်ကောင်တွေ မိတ်ဆက်ပေးခဲ့သလို၊ Marvel က DC ထက် ရုပ်ရှင်ဇာတ်ကားတွေမှာ ပိုသာနေတယ်ဆိုတာကိုပြနိုင်ခဲ့ပါတယ်။ DC က Superman, Green Lanternနဲ့ Batman ပဲထွက်ထားပြီး၊ Batman သုံးကားကလွဲရင် Superman ကလည်း သာမန်သာဖြစ်ပြီး GL က တော့ အညံ့စားကားတစ်ကားပဲဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် Flash, Wonder Woman, Aquaman, Cyborg (သို့မဟုတ်) Martian တို့ကိုလည်း ပရိတ်သတ်သိအောင်ချမပြနိုင်သေးပါဘူး။
ဒီလိုအချိန်မှာပဲ Marvel က Captain America ဇာတ်လမ်း အဆုံး Post Credit scene အနေနဲ့ Quicksilver နဲ့ Scarlet Witch တို့ အမွှာ မောင်နှမ နှစ်ယောက်ကို မိတ်ဆက်ပေးခဲ့ပါတယ်။ သူတို့နှစ်ယောက်က X-Men ကာတွန်းတွေမှာအဓိကပါဝင်သလို၊ နောက်ပိုင်း Avengers အဖွဲ့ဝင်တွေဖြစ်ခဲ့ပါတယ်။ သူတို့ရဲ့ အဖေကတော့ အားလုံး နဲ့ ရင်းနှီးပြီးသား Magneto ပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်က အသစ်ထွက်မယ့်Avengers: Age of Ultron မှာလည်း ပါဝင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် Avengers နဲ့ Captain တို့ရဲ့ ရန်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ Baron Striker ကိုလည်း မိတ်ဆက်ခဲ့သလို၊ Arnim Zola ကိုလည်း ကာတွန်းထဲက အတိုင်း ကွန်ပျူတာ Program အနေနဲ့ မိတ်ဆက်ထားပါသေးတယ်။
IMDb မှာ Rating 8.2 ရရှိထားပြီး Rotten Tomatoes မှာလည်း Tomatometer 89% ရရှိထားတာမို့ အတော်လေးကောင်းတဲ့ ဇာတ်ကားလို့ ပြောနိုင်ပါတယ်။ လက်နက်ဆန်းမျိုးစုံကို မြင်ရမှာ ဖြစ်သလို အရင်က စူပါဟီးရိုးဇာတ်လမ်းတွေလို အသားလွတ်ကြီး အစွမ်းထက်နေတာမျိုးမဟုတ်ပဲ ထက်မြက်ကျွမ်းကျင်မှုနဲ့ စွန့်စားမှုတွေကြောင့် လူစွမ်းကောင်းအဖြစ် ထိုက်တန်ကြောင်း ထည့်သွင်းပြသထားပါတယ်။ Falcon ရဲ့ တိုက်ခန်း ခိုက်ခန်း အချို့ကလွဲရင် ကျန်တဲ့ ဇာတ်ကွက်တွေကို တတ်နိုင်သရွေ့ အထူးပြုလုပ်ချက် မသုံးပဲ ဖန်တီးထားတာ တွေ့ရပါတယ်။ Captain America ရဲ့ အဓိက လက်နက်ဖြစ်တဲ့ ဒိုင်းကြီးကိုလည်း ကာကွယ်ဖို့ထက် တိုက်ပွဲဝင်ဖို့ ပိုမိုအသုံးပြုသွားတာကို တွေ့ရမှာပါ။ ရုပ်ရှင်ဝေဖန်သူတွေက Batman ရဲ့ The Dark Knight ဇာတ်ကားကို ယှဉ်နိုင်တဲ့ အရည်အသွေးရှိတယ်လို့ မှတ်ချက်ပြုထားကြပါတယ်။

========================

Translated and Encoded By – Zoro

Size-1.5Gb

========================

Watch Captain America: The Winter Soldier (2014) MCU