ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ မထွက်ခင်ကတည်းက
နာမည်ကြီးနှင့်နေတဲ့ DC ရဲ့ Black Adam Live Action ပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ငြိမ်းချမ်းစွာနေလာခဲ့တဲ့ ကန်ဒက်ပြည်ဟာ သယံဇာတအရပေါကြွယ်ဝသလို ငြိမ်းချမ်းတဲ့ နေရာလေးပါ။
မှော်ပညာဆိုးကိုမှ တပ်မက်စွဲလမ်းစွာကျင့်ကြံနေတဲ့ ဘုရင်ကြီး အက်တွန်ရဲ့ လက်ထက်မှာတော့ ငြိမ်ချမ်းတဲ့ကန်ဒက်ပြည်လေးဟာ ပြိုကွဲလုမတတ် ဆင်းရဲပင်ပန်းခဲ့ရသလို ပြည်သူပြည်သားတွေလည်း ဒုက္ခရောက်ရပါတယ်..။ ဒါတင်မကသေးပဲ မကောင်းဆိုးဝါးစွမ်းအင်တွေပါဝင်နေတဲ့ မှော်သရဖူကိုပါ သွန်းလုပ်နိုင်ခဲ့တဲ့အခါမှာတော့ ပြည်သူတွေရဲ့ ဒုက္ခဟာ အတိုင်းမသိပါပဲ..။
တိုင်းသူပြည်သားတွေရဲ့ အပူသောကတွေကို မကြည့်နိုင်တော့တဲ့ စောင့်ရှောက်သူမှော်ဆရာတွေက မှော်အစွမ်းတွေပေါင်းစပ်ပြီး ကူညီကယ်တင်ဖို့ စေလွှတ်လိုက်သူကတော့ ဇာတ်လိုက်ကျော်ကြီး တန့်သ် အဒမ်ပါ..။
ဘုရင် အက်တွန်နဲ့တိုက်ခိုက်အောင်မြင်ပြီး နှစ် ၅၀၀၀ အိပ်ပျော်သွားခဲတဲ့ တန့်သ်အက်ဒမ်တစ်ယောက် မျက်မှောက်ခေတ်ကာလမှာ ပြန်နိုးလာရတဲ့အခါ….သူ့အကူအညီကိုလိုအပ်နေသေးတဲ့ ပြည်သူတွေကို သူကယ်တင်ပေးရပါတော့တယ်..။
ပြန်ပေါ်လာတဲ့ မှော်သရဖူရယ်..တိုးတက်လာတဲ့ ခေတ်ကာလရယ်.. အစွမ်းထက်လာတဲ့ ရန်သူတွေရယ်…။
The Rock လို့ အများသိကြတဲ့ Dwayne Johnson ကို Black Adam အနေနဲ့ တဝကြီးရှုစားရမှာပါရှင်..။ Superhero Genre နဲ့လိုက်ဖက်လွန်းတဲ့ မင်းသားကြီးဖြစ်တာကြောင့် အက်ရှင်ခန်းတွေကို ကျေနပ်အားရအောင် ရှုမြင်ရမှာပါ..။
IMDB 7ရထားတာမို့ Superhero Genre နှစ်ခြိုက်သူများ..The Rock ဖန်များ…DC ဖန်များအတွက် နှစ်ခြိုက်စရာဖြစ်မယ့်ကားလေးအဖြစ် မိတ်ဆက်ပေးလိုက်ပါတယ်..
Reviewed by Ariel
Translated by Ariel , May Oo , Susan
Encoded by Aye Chan