Switch Mode
Guardians of the Galaxy (2014) MCU
Rating 8.0
Trailer
Bookmark
Followed 4 people

Guardians of the Galaxy (2014) MCU

Watch full episodes Guardians of the Galaxy (2014) MCU, download Guardians of the Galaxy (2014) MCU english subbed, Guardians of the Galaxy (2014) MCU eng sub, download Guardians of the Galaxy (2014) MCU eng sub, stream Guardians of the Galaxy (2014) MCU at MMFILM.
Status: Completed Released: 01 Aug 2014 Duration: 121 min Country: Type: Movie Director: Casts: , , , Posted by: admin Released on: Updated on:
Watch streaming Guardians of the Galaxy (2014) MCU English Subbed on MMFILM. You can also download free Guardians of the Galaxy (2014) MCU Eng Sub, don't forget to watch online streaming of various quality 720P 360P 240P 480P according to your connection to save internet quota, Guardians of the Galaxy (2014) MCU on MMFILM MP4 MKV hardsub softsub English subbed is already contained in the video.

Synopsis Guardians of the Galaxy (2014) MCU

၁၉၈၈ ခုနှစ်ရဲ့ ဝမ်းနည်းဖွယ် နေ့ရက်တစ်ခု၊ Peter Quill ရဲ့ ဟာ သူ့အမေပေးထားတဲ့ လက်ဆောင် ကက်ဆက်ခွေလေးကို နားထောင်ရင်း သူ့အမေရဲ့ နောက်ဆုံးခရီးကို စောင့်နေရပါတယ်။ သူ့အမေ မဆုံးခင်မှာ သူ့ကို လက်ဆောင်တစ်ခုရယ်၊ အထုပ်လေး တစ်ခုရယ် ပေးခဲ့ပါတယ်။ ဒါပေမယ့် သူ့အမေ ဆုံးသွားပြီးတဲ့ နောက်မှာတော့ သူ့ကို အာကာသဓားပြ Yondu Udonta က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ နောက် ၂၆ နှစ်အကြာမှာတော့ Star-Lord လို့ နာမည်တွင်တဲ့ Peter Quill ဟာ Morag ဂြိုဟ်ပေါ်က သတ္တုလုံးတစ်ခုကို သွားခိုးပါတယ်။ သူခိုးနေတုန်းမှာပဲ Kree မျိုးနွယ်စုတွေထဲက Korath ဆိုတဲ့ လူတစ်ယောက်က ဒီသတ္ထုလုံးကို လာယူတာနဲ့ ကြုံပါတယ်။ အောင်မြင်စွာ ထွက်ပြေးနိုင်ပေမယ့် Peter Quill အတွက် နောက်ကြောင်းတော့ မရှင်းပါဘူး။ Korath ဟာ Kree တွေရဲ့ သူပုန်ကြီး Ronan ရဲ့ လူယုံဖြစ်တာကြောင့် Ronan ဟာ ဒီသတ္ထုလုံးကို ပြန်လည်ရယူဖို့ Gamora ကို ခိုင်းစေလိုက်ပါတယ်။ ဒါ့အပြင် Yondu ကလည်း Peter Quill တစ်ပတ်ရိုက်တာကို သိသွားပြီး သူ့ကို ဆုငွေထုတ်ပြီး ဖမ်းခိုင်းပါတယ်။
Peter Quill ဟာ သူရလာတဲ့ သတ္ထုလုံးကို Nova တပ်တွေရဲ့ ဇာတိဖြစ်တဲ့ Xandar မှာ သွားရောင်းစားပေမယ့် သူ့ကို ဓားပြကြီး Yondu က ဆုငွေ ထုတ်ထားတာကြောင့် ဝယ်မယ့်သူ မရှိပါဘူး။ အဲဒီသတ္ထုလုံးကို Gamora က Quill လက်ထဲက လုယူဖို့ ကြိုးစားပါတယ်။ ဆုငွေလိုက်ထုတ်နေတဲ့ ရက်ကွန်းဝံ Rocket နဲ့ သစ်ပင်ကြီး Groot တို့ကလည်း Quill ကို ဖမ်းဖို့ ကြိုးစားပါတယ်။ ရုန်းရင်ဆန်ခတ် ဖြစ်ပြီး ပြဿနာတက်ကြတာကြောင့် Nova တပ်က သူတို့ကို ဖမ်းပြီး Klyn မှာရှိတဲ့ ထောင်ထဲ ထည့်ထားပါတယ်။ ထောင်ထဲမှာ လူသန်ကြီး Drax ဟာ သူ့မိသားစုကို သတ်သွားတဲ့ Ronan ကို လက်စားချေဖို့ Gamora ကို ပြသနာရှာပါတယ်။ ဒါပေမယ့် Quill က Gamora ဟာ Ronan ဆီကို ပို့ပေးနိုင်တာမို့ မသတ်ဖို့ ပြောပါတယ်။ တကယ်တော့ Gamora ဟာ ဒီသတ္ထုလုံးကို ခိုးယူပြီး Ronan ကို သစ္စာဖောက်ဖို့ ရည်ရွယ်ထားတာပါ။ Gamora ရဲ့ မိသားစုကို Ronan က သတ်ပစ်ခဲ့ပြီး Titan ကြီး Thanos က သူ့ကို မွေးစားထားခဲ့တာ ဖြစ်ပါတယ်။ သူတို့တွေ ပူးပေါင်းပြီး ထောင်ဖောက်ထွက်ပြေးတဲ့အခါ အောင်မြင်သွားခဲ့ပါတယ်။
Ronan ဟာ သစ္စာဖောက်သွားတဲ့ Gamora ကို ထောင်ထဲထိ လိုက်ရှာပေမယ့် Star-Lord နဲ့ အဖွဲ့ဟာ Knowhere ဆိုတဲ့ မြေအောက်စျေးကွက်ဆီ ထွက်ပြေးသွားကြပြီ ဖြစ်ပါတယ်။ သူတို့ဟာ သတ္ထုလုံးထဲမှာ ဘာပါသလဲဆိုတာ မသိသေးတဲ့အတွက် စုဆောင်းသူ Taneleer Tivan ဆီမှာ သွားမေးကြပါတယ်။ တကယ်တော့ ဒီသတ္ထုလုံးထဲမှာ ရှိတဲ့ လက်နက်ဟာ စကြာဝဠာမှာ အပြင်းထန်ဆုံး လက်နက်ဖြစ်ပြီး အင်အားကြီးမားတဲ့ ကိုင်တွယ်သူကလွဲရင် ကျန်တဲ့ အရာဝတ္ထု အားလုံးကို ဖျက်ဆီးပစ်ပါတယ်။ မူးနေတဲ့ Drax ၊ Taneleer Tivan ရဲ့ နာကျည်းနေတဲ့ ကျွန်တစ်ယောက်၊ Gamora ကို သတ်ဖို့ လိုက်လာတဲ့ သူ့ညီမ Nebula ၊ ကိုယ်တိုင် စစ်ချီလာတဲ့ Ronan တို့ရဲ့ တိုက်ပွဲဟာ Star-Lord နဲ့ သူ့အဖွဲ့သားတွေရဲ့ ကံကြမ္မာကို
ပြောင်းလဲပစ်လိုက်တဲ့အခါ … ဒီလက်နက်ကို ဘယ်နေရာမှာ သုံးမှာလဲ။ Xandar ဂြိုဟ်ကြီးရဲ့ ကံကြမ္မာဟာ ဘယ်လို ဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုကြပါ။
Marvel ရဲ့ စူပါဟီးရိုး ဇာတ်ကောင်တွေကို အသက်သွင်းထားတဲ့ Guardian of the Galaxy ဇာတ်ကားဟာ ဒါရိုက်တာ James Gunn က ရိုက်ကူးပြီး Walt Disney က ဖြန့်ချိလိုက်တဲ့ ဇာတ်ကား တစ်ကား ဖြစ်ပါတယ်။ မင်းသား Chris Pratt က Peter Quill အဖြစ် ခေါင်းဆောင်ပါဝင်ထားပြီး Star Trek ဇာတ်ကားနှစ်ကား၊ The Avatar ဇာတ်ကားတွေမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ မင်းသမီး Zoe Saldana က Gamora က ပါဝင်သရုပ်ဆောင်ထားပါတယ်။ Dave Bautista ၊ Lee Pace ၊ Michael Rooker ၊ Karen Gillan ၊ Djimon Hounsou ၊ John C. Reilly ၊ Glenn Close နဲ့ Benicio del Toro တို့ ပါဝင်သရုပ်ဆောင်ထားပြီး Vin Diesel က Groot ၊ Bradley Cooper က Rocket အဖြစ် အသံနဲ့ သရုပ်ဆောင်ပေးထားပါတယ်။ IMDb မှာ Rating 8.7 ရရှိထားပြီး Rotten Tomatoes မှာ Tomatometer 92% အထိ ရရှိထားတဲ့ ဇာတ်ကားကောင်း တစ်ကား ဖြစ်ပါတယ်။
Marvel ရဲ့ နောက်ထပ် နာမည်ကြီး ဇာတ်ကားတစ်ကားဖြစ်တဲ့ Captain America: Winter Soldier ထက် ပွဲဦးထွက် ဝင်ငွေ ပိုမို ရရှိတာမို့ ဇာတ်ကားကောင်းတစ်ကားဆိုတာ အထူးပြောဖွယ်ရာ ရှိမယ် မထင်ပါဘူး။ မထင်မှတ်တဲ့ ထေ့လုံးလေးတွေနဲ့ မပျင်းရအောင် ဆွဲဆောင်ထားသလို စိတ်လှုပ်ရှားဖွယ် အက်ရှင်ခန်းတွေနဲ့လည်း တန်ဆာဆင်ထားပါတယ်။ ရုပ်ထွက်ဖန်တီးမှုကလည်း Star Trek: Into Darkness ထက် မသာရင် မလျော့ပါဘူး။ အလွန်လှပတဲ့ စကြာဝဠာ နောက်ခံ မြင်ကွင်းတွေကို အလှပဆုံးဖြစ်အောင် ဖန်တီးထားတာကို ကြည့်ရှုခံစားရမှာပါ။ ဇာတ်ကောင်နည်းနည်းများတဲ့အထွက် ရှုပ်ထွေးတာရယ်၊ ဗီလိန်ကျဆုံးခန်း အနည်းငယ် မြန်တာကလွဲရင် တစ်ကားလုံး မျက်တောင်မခတ်တမ်း စွဲဆောင်မှု ရှိပါတယ်။ PG-13 အဆင့်သတ်မှတ်ထားပြီး မိသားစု အပမ်းဖြေကြည့်ရှုဖို့ အထူးသင့်လျော်တဲ့ ဇာတ်ကားတစ်ကားပါ။

========================

Translated and Encoded By – Zoro

Size-1.55Gb

========================

Watch Guardians of the Galaxy (2014) MCU

Ep
Title
Release Date