ဘုရားသခင်ဟာ ကမ္ဘာကြီးကိုမဖျက်စီးခင်မှာ
တမန်တော်လေးယောက်ကို အရင်စေလွှတ်ပြီးအသိပေးစေတယ်..။ခရစ်ယာန်သမ္မာကျမ်းစာမှာ ဒီလိုပါဝင်ပါတယ်..
တချိ့သော စွန့်လွှတ်စတေးရခြင်းတွေဟာ လူမသိသူမသိတိတ်တဆိတ်ပဲ ပြီးဆုံးသွားရတယ်...
သစ်လုံးအိမ်လေးရဲ့တံခါးမှာ ပေါ်လာတဲ့တံခါးခေါက်သံဟာကမ္ဘာကြီးကို
ကယ်တင်ပေးရမယ့် သတင်းစကားကိုဆောင်ယူလာတယ်...။
အန်ဒရူးရယ်..အဲရစ်ရယ်ဟာ မွေးစားသမီးလေး ဝမ်လင်နဲ့သစ်လုံအိမ်လေးတစ်ခုမှာ လာအပန်းဖြေနေကြတဲ့ လိင်တူစုံတွဲတစ်တွဲ..
တစ်နေ့ သူတို့အိမ်ရှေ့ကို မူလတန်းပြဆရာတစ်ယောက်...ဂက်စ်ဆိုင်က အလုပ်သမားတစ်ယောက် ..သူနာပြုတစ်ယောက်..ထမင်းချက်တစ်ယောက်..လက်နက်တွေနဲ့ရောက်လာတယ်...
အန်ဒရူးရဲ့ချက်ကျလက်ကျဖြေရှင်းချက်တွေက ယုတ္တိဆန်တယ်....
တိုက်တိုက်ဆိုင်ဆိုင် ဖြစ်လာတဲ့ အဖြစ်အပျက်တွေကလည်း နားလည်ရခက်စေတယ်...
တွေးမယ်ဆို အဆုံးထိကို တွေးစရာဖြစ်တဲ့ကားမျိုးပါ...
သာမန်Horror ကားထက် တွေးစရာပိုတဲ့ကားတစ်ကားလို့မြင်ပါတယ်...
သရုပ်ဆောင်တွေအနေနဲ့လည်း Guardian of the Galaxy က Dave Bautista ကို စိတ်နှလုံးသိမ်မွေ့တဲ့ ကျောင်းဆရာအနေနဲ့အသွင်တစ်မျိးရှုမြင်ရမယ်..
Harry Potter ထဲက Rupert Grint ကိုလည်း ခပ်ရမ်းရမ်းအရက်သမားတစ်ယောက်အနေနဲ့ရှုစားရဦးမယ်...
IMDB 6.8 ရရှိထားတဲ့ Mystery / Horror အမျိးအစားမို့ တွေးရတာကြိုက်နှစ်သက်သူများ ကြည့်ရှုသင့်ပါကြောင်း ညွှန်းလိုက်ရပါတယ်..
Reviewed and Translated by Ariel
Encoded by Aye Chan