ီတစ်ခါတော့ ဖြစ်ရပ်မှန်ပေါ်အခြေခံထားတဲ့မင်းသားကြီး Gerald Butler ရဲ့ Action/ Thriller ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်
အရှေ့အလယ်ပိုင်းမှာ တာလီဘန် ISIS နယ်မြေခံလက်နက်ကိုင်အဖွဲ စတဲ့ အင်အားစုတွေအသီးသီးအားပြိုင်မှုကြားမှာ တယ်လီကွန်းကုမ္ပဏီမည်ခံပြီး စီအိုင်အေရဲ့ စစ်ဆင်ရေးတွေကိုလုပ်ဆောင်နေတဲ့ အေးဂျင့် တွမ် ဟဲရစ်…
အီရန်နျူကလီးယားဓာတ်ပေါင်းဖိုကို လက်သည်မပေါ်အောင် ဖောက်ခွဲနိုင်ခံ့ပြီး သမီးဖြစ်သူရဲ့ ကျောင်းဆင်းပွဲအမီပြန်ဖို လေယာဥ်စောင့်ဆိုင်းနေချိန်…သတင်းစာတစ်စောင်က သူလုပ်ခဲ့တဲ့ operation ကို လူသိရှင်ကြား ဖွင့်ချလိုက်တဲ့အခါ…
ပြည်တွင်းမှာ ပြန်ထွက်မရသေးခင် မှာပဲ သူ့နောက်ကိုအသေရရအရှင်ရရလိုက်နေတဲ့ အင်အားစုပေါင်းစုံရဲ့ကြား…သူနဲ့ သူ့ရဲ့စကားပြန်တို သေကောင်ပေါင်းလဲရုန်းကန်ရှင်သန်ရပုံတွေကို Thriller modevအပြည့်နဲ့ ကြည့်ရှုခံစားရမှာပါ….။
IMDB 6 ရထားပြီး Thriller ကြိုက်သူများ ရှုစားသင့်ပါတယ်။ အားပေးကြပါဦး
Reviewed by Ariel
Encoded by NZ
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်ဗျ