ဒီတစ်ခါတော့ Fantasy Action/ Adventure ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။
ဒဏ္ဍာရီနဲ့ စူပါပါ၀ါတွေရောစပ်ထားတဲ့ အက်ရှင်ကားလေးပါ။ စစ်ပွဲနဲ့ ဉာဏ်ပညာကိုအစိုးရတဲ့ နတ်ဘုရားမ အသီနာ…..။နတ်ဘုရားတွေနဲ့စစ်ပွဲအပြီးမှာ ကလေးငယ်အဖြစ်ပြန်ဝင်စားခဲ့တဲ့ အသီနာ နတ်ဘုရားမအဖြစ်ပြန်လည်မနိုးထနိုင်ခင်မှာ သူမကိုစောင့်ရှောက်ဖို သူရဲကောင်းတွေကို လိုအပ်ချိန်…။
တဖက်မှာလည်း အသီနာရဲ့နိုးထခြင်းဟာ ကမ္ဘာကြီးကိုပျက်စီးစေမယ်လို ယုံကြည်သူတွေ က အသီနာနိုးထမလာအောင် အစွမ်းတွေကိုဖျက်စီးဖိုကြိုးစားနေပါတယ်…။
အသီနာရဲ့သူရဲကောင်းဖြစ်လာမယ့် ရောင်ခြည်စွမ်းအင်တွေကိုပိုင်ဆိုင်ထားကြတဲ့လူငယ်တွေနဲ့… အဲဒီလူငယ်တွေကို လိုက်လံစုဆောင်းနေတဲ့ရန်သူရဲ့လက်ကြားက သီသီလေးလွတ်မြောက်ခဲ့တဲ့ ဆေယာ…..။ သူစောင့်ရှောက်ရမယ်ဆိုတဲ့ နတ်ဘုရားမ၀င်စားတဲ့ ကောင်မလေး ဆီယာနာ….။
ဆီယာနာကို ဆေယာ ကာကွယ်ပေးနိုင်မလား…?
အသီနာရဲ့ နိုးထခြင်းကရော တကယ်ပဲကပ်ဆိုးတွေကိုဖြစ်စေမလား ဆိုတာ…..ဒီကားလေးမှာရှုစားလိုက်ရအောင်ပါ။
Reviewed & Reviewed by Ariel
Encoded by NZ
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်ဗျ