ဒီဇာတ်ကားဟာ သူ့ရဲ့ အိမ်နားက တောအုပ်ထဲမှာ မပြီးဆုံးသေးတဲ့ ကတုတ်ကျင်းတစ်ခုကို ရှာဖွေတွေ့ရှိသွားပြီး သူ့ရဲ့ မိသားစုကို ချုပ်နှောင်ထားခဲ့တဲ့ ကောင်လေးတစ်ယောက်အကြောင်း ရိုက်ကူးထားတဲ့ 2021 ခုနှစ်ထွက် စိတ်ပိုင်းဆိုင်ရာ လျှိဝှက်ရင်ဖိုဇာတ်ကားတစ်ကားဖြစ်ပါတယ်
ဇာတ်လမ်းကတော့ အသက် 13 နှစ်အရွယ် ကောင်လေး ဂျွန်ဟာ အပြီးမသတ်ရသေးတဲ့ မြေအောက်ကတုတ်ကျင်းကို တွေ့ရှိသွားပြီး သူ့ရဲ့ မိသားစုကို ချုပ်နှောင်ထားဖို ဆုံးဖြတ်လိုက်ပါတယ်
သူ့ရဲ့ မိဘနှစ်ပါးနဲ့ သူ့အစ်မကို ဆေးခတ်ပြီး မြေအောက်ကျင်းထဲကို ဆွဲယူပြီး ပစ်ချခဲ့ပြီးနောက်မှာတော့ သူတိုမိသားစုအတွက် လွတ်မြောက်ရေးဂိမ်းတစ်ခု ထွက်ပေါ်လာပါတော့တယ် ချုပ်နှောင်ခံထားရတဲ့ မိသားစုဟာ ဘယ်လို လွတ်မြောက်လာမလဲ ဂျွန်တို မိသားစုဟာ ပြန်လည်ဆုံတွေ့နိုင်မှာလား ဆိုတာကို ဆက်လက်ကြည့်ရှုရမှာပါ
Translated & Reviewd by Hyo
Encoded by NZ
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်ဗျ