နောက်ဆုံးစီစင်ဖြစ်တာနဲ့အညီ တင်ချင်လို့တင်လိုက်ပါတယ်
အရင်အပိုင်းတွေကတော့ ပြန်တင်ဖို့အစီအစဉ်မရှိပါဘူးခင်ဗျာ
အခု season ကတော့ သေချာပေါက် up to date အနေနဲ့
အမြန်ဆုံးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်
14 နှစ်ဆိုတာကာလရှည်ကိုကျော်ဖြတ်ပြီးတော့
ကျွန်တော်တို့အသည်းစွဲ SUPERNATURAL စီးရီးတွဲဟာလည်း
Final Season ကိုရောက်ရှိလို့လာပါပြီ..
အရင် season 14 နောက်ဆုံးမှာ မထင်မှတ်ထားတဲ့
လှည့်ကွက်တွေနဲ့အတူဇာတ်သိမ်းသွားတာကို
သိကြပြီးဖြစ်မှာပါ..God ဟာ တချိန်လုံး သူတို့ကို
လှည့်စားနေခဲ့ပြီး အဖြစ်မှန် ကို ဆမ်နဲ့ဒင်းန် နဲ့
သိရှိသွားတဲ့အချိန် နက်ဖလင် ဂျက် ကိုသတ်ပစ်လိုက်ပြီး
ငရဲတံခါးဖွင့်လိုက်ပါတော့တယ်..ဒီတော့ ဒင်းန်နဲ့ဆမ်တို့
14 နှစ်တာ ကာလ နှိမ်နင်းခဲ့တဲ့မကောင်းဆိုးဝါး တွေ
သရဲတွေအကုန် ကမ္ဘာပေါ်ကိုပြန်လည်ရောက်ရှိလာပါတယ်
ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာ season 15 Final Season
မှာ ကျွန်တော်တို့အဖြေရှာကြည့်လိုက်ရအောင်ဗျ