ဒါကတော့ Henry Cavill ရဲ့ ၂၀၂၄ ထွက် ရုပ်ရှင်ကားသစ်ကြီးဖြစ်ပြီး ဟစ်တလာရဲ့ နာဇီဖက်ဆစ်စနစ် ဖြန့်ကျက်နေတဲ့ ပထမကမ္ဘာစစ်ကာလကို နောက်ခံထားရိုက်ကူးထားတဲ့ Action/Comedy အမျိုးအစားပါ။
နာဇီတွေရဲ့ ရေငုပ်သင်္ဘောတွေကြောင့် အတ္တလန်းတစ်ကိုဖြတ်ကူးလာမယ့် မဟာမိတ်တွေ နိုင်ငံအတွက်လိုအပ်တဲ့ ရိက္ခာတွေကိုရယူဖိုခက်ခဲနေတဲ့ ဗြိတိန်နိုင်ငံအတွက် ၀န်ကြီးချုပ်ချာချီရဲ့ စွန့်စွန့်စားစားအကြံအစည်အတွက် မိုက်ရူးရဲဆန်ပြီး လက်မရွံတဲ့ စစ်သည်တသိုက်ကို လိုအပ်လာပါတယ်။
လူလေးလက်တဆုပ်နဲ့ တာ၀န်ကိုထမ်းဆောင်ရမယ့် မေဂျာ ဂတ်စ်မာ့ချ် ခေါင်းဆောင်တဲ့တပ်စုက နိုင်ငံနဲ့ချီဲတဲ့ မစ်ရှင်ကြီးကို ဘယ်လိုထမ်းဆောင်သွားကြမလဲဆိုတာ….
ဒီကားထဲမှာ မေဂျာဂတ်စ်အဖြစ် Henry Cavill ကို ကွဲပြားတဲ့ဇာတ်ရုပ်နဲ့ရှုစားကြရမှာဖြစ်ပြီး Eiza González…Alan Ritchson စတဲ့သရုပ်ဆောင်တွေက ကူညီအားဖြည့်ထားတဲ့ ဒါရိုက်တာ Guy Ritchie ရဲ့လက်ရာဖြစ်ပါတယ် ။ ရှုစားကြပါဦး။
Translated & Reviewed by Ariel
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်