ရော်ရီဟာ စိတ်ကျန်းမာရေး အခြေအနေတွေကြောင့် စိတ်ကျန်းမာရေးဆရာဝန်နဲ့ အပတ်စဉ် ဆွေးနွေးရေးတွေလုပ်နေရတဲ့သူပါ။ သူအမှားတွေလုပ်မိလို ပိုက်ဆံတွေမရှိတော့ဘဲ သားဖြစ်သူဆီ သွားမတွေ့နိုင်တော့တာကြောင့် စိတ်ဓာတ်ကျနေသူဆို မမှားပါဘူး။ အဲ့အချိန်မှာပဲ အကျင့်ပျက်ခြစားတတ်တဲ့ မြိုတော်ဝန်မီဆယ်လီရဲ့ ရွေးကောက်ပွဲပါတီညမှာ ပိုက်ဆံတွေကို ဓားပြသွားတိုက်ဖို အလုပ်ပေးခံရတာကြောင့် ရော်ရီလည်း လက်ခံလိုက်ပါတယ်။
ဒီလိုနဲ့ အစီအစဉ်တွေချပြီး ဓားပြတိုက်ဖို လုပ်ခဲ့ပေမယ့် တစ်ခုမှ အစစအရာရာ အဆင်မပြေခဲ့ဘဲ ဓားပြပါတနာလည်း ကျည်ဆန်ထိပြီး ထွက်ပြေးခဲ့ရတဲ့အခါမှာတော့ ကူရာမဲ့တဲ့ ရော်ရီတိုနှစ်ယောက် စိတ်ကျန်းမာရေးဆရာဝန်မ ဆီပဲ ပြန်သွားပြီး ဓားစာခံလုပ်ခိုင်းကာ ကူညီခိုင်းတဲ့နောက်မှာတော့… သားဖြစ်သူကြောင့် ပိုက်ဆံလိုချင်လို ဓားပြတိုက်မိရာကနေ အလွဲတွေ တစ်ခုပြီးတစ်ခုကြုံရတဲ့ ရော်ရီတို ဘာတွေဆက်ဖြစ်သွားကြမလဲ နောက်ဆုံးမှာရော လွတ်မြောက်သွားနိုင်မလားဆိုတာကို အက်ရှင် နဲ့ ဟာသနှောကြည့်ရမယ့် ကားကောင်းလေးပဲဖြစ်ပါတယ်။
Translated & Reviewed by Win Htut
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်