Speak No Evil(2024)
ဒီတစ်ခါမှာတော့ သူစိမ်းအိမ်ကို မအူမလည်နဲ့ အလည်ပတ်ရောက်ရှိသွားခဲ့တဲ့ အမေရိကန်မိသားစုတစ်စုရဲ့ အိပ်မက်ဆန်ဆန် အားလပ်ရက်ခရီးစဉ်ကနေ အရှင်လတ်လတ် အိပ်မက်ဆိုးသဖွယ်ပြောင်းလဲသွားတဲ့ဖြစ်ရပ်ကို အသည်းတအေးအေးနဲ့ ကြည့်ရှုကြရမှာပါ
ဘန်တို့မိသားစုဟာ အီတလီကိုအားလပ်ရက်ခရီးထွက်လာရင်း ပက်ဒီတို့မိသားစုနဲ့ ဆုံဖြစ်ကြရင်း ခင်မင်ခဲ့ကြပါတယ် တစ်နေ့မှာတော့ ပက်ဒီတို့ အဆွယ်ကောင်းမှုနဲ့ ဘန်တို့ဟာ ပက်ဒီတို့ရဲ့ကျေးလက်အိမ်ကို သွားရောက်လည်ပတ်ခဲ့ပါတယ် အဲနောက်မှာတော့ အကျင့်စရိုက်မတူ ဝါသနာမတူကြတဲ့ အသိုက်အဝန်းကြားမှာ ဘန်ရဲ့ဇနီးဖြစ်သူ လူဝီဟာ စိတ်ပင်ပန်းနေခဲ့ရပါတယ် ပက်ဒီတို့လင်မယားရဲ့ ထူးထူးဆန်းဆန်း အပြုအမူတွေကြောင့် အဲဒီအိမ်ကနေ ထွက်သွားဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ကြပေမဲ့လည်း ဘန်တို့ဟာ မလွတ်မြောက်နိုင်ခဲ့ပါဘူး အဲမိသားစုရဲ့ တကယ့်သရုပ်မှန်က ဘာများဖြစ်မလဲ နောက်ဆုံးမှာရော ဘန်တို့မိသားစုဟာ အဲဒီအိမ်ကြီးကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုကြရမှာပါ
Translated & Reviewed by Hyo
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်