Subservience (2024)
ဒီတစ်ခါမှာတော့ အသက်ဝိဉာဉ်မဲ့စက်ရုပ်တွေနဲ့ လူသားတို့ကြား အားပြိုင်မှုတွေကို အချိတ်ဆက်မိမိ ရိုက်ကူးထားတာကို ကြည့်ရှုကြရမှာပါ တစ်နေ့ထက်တစ်နေ့ တိုးတက်လာတဲ့ ကမ္ဘာကြီးမှာ အေအိုင်တွေဟာ လူသားတွေရဲ့နေရာမှာ အစားထိုးဝင်ရောက်လာပါတယ် ဒီဇာတ်ကားထဲမှာပါဝင်တဲ့ စက်ရုပ်တွေကတော့ တမူထူးတဲ့ အေအိုင်မော်ဒယ်တွေပဲ ဖြစ်ပါတယ် ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ပုံပန်းသွင်ပြင်တွေဟာ လူအလားထင်မှတ်မှားစေနိုင်ပြီး လူသားတွေနဲ့အပြိုင် စွမ်းဆောင်ရည်မြင့်မားကြလို့ပါပဲ အေအိုင်ကြောင့် ဘဝအလှည့်အပြောင်းဖြစ်သွားတဲ့ မိသားစုလေးတစ်စု ရှိပါတယ် အဲဒါကတော့နစ်ခ်တို့မိသားစုပါ
သာယာတဲ့ အိမ်ထောင်သည်ဘဝကို ပိုင်ဆိုင်ထားတဲ့ နစ်ခ်ဟာ တစ်နေ့မှာတော့ သူ့ရဲ့ဇနီးသည်မက်ဂီဟာ မမျှော်လင့်ဘဲ ရက်ရှည်ဆေးရုံတက်ခဲ့ရပါတယ် ဒီလိုနဲ့ အားကိုးစရာ လက်တစ်ဖက်ပြုတ်သွားတဲ့ နစ်ခ်ဟာဆိုရင်ဖြင့် သူ့သမီးလေးနဲ့အတူ နည်းပညာပြပွဲကို သွားရောက်ခဲ့ပါတယ် အဲဒီမှာတော့အေအိုင်မော်ဒယ်မလေး အဲလစ်နဲ့တွေ့ဆုံခဲ့ရပြီး သူမကိုဝယ်ယူခဲ့ပါတယ် ကောက်ကြောင်းလှလှ စက်ရုပ်မလေးအဲလစ်ဟာ ဇနီးသည်မက်ဂီအစားလုပ်ငန်းခွင်မှာရော အိမ်တွေးရေးမှာပါ အခက်တွေ့နေရတဲ့ နစ်ခ်နဲ့ ကလေးတွေအပေါ်မှာပါ အပြုအစုကောင်းကောင်းနဲ့ သိပ်ကိုတာဝန်ကျေပွန်ခဲ့ပါတယ် မက်ဂီဆေးရုံက ဆင်းလာပြီးနောက် အဲလစ်ဟာ မက်ဂီ့နေရာကို တစ်စထက်တစ်စ နေရာယူလာတဲ့အခါမှာတော့ မက်ဂီ့ခမျာ စိုးရိမ်စိတ်တွေဝင်ရောက်လာပါတော့တယ် အဲနောက်မှာတော့ လူသားနဲ့စက်ရုပ်တို့ကြား ဘယ်လိုပဋိပက္ခတွေ ဖြစ်ပေါ်လာမလဲ မက်ဂီကရော လူသားအလား စွမ်းဆောင်ရည်မြင့်မားတဲ့ အဲလစ်ကို အနိုင်ယူနိုင်ပါ့မလား အေအိုင်နဲ့ပြိုင် ဘယ်သူနိုင်မလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုကြရမှာပါ
Translated & Reviewed by Hyo
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်