Rebel Ridge (2024)
မရိန်းတပ်သားဟောင်း လူမည်း တစ်ယောက်ဖြစ်တဲ့ တယ်ရီရစ်မွန်းဟာ ရှယ်ဘီစပရင်းလို့ ခေါ်တဲ့ မြို့လေးမှာရှိတဲ့ ရဲစခန်းဆီမှာ သူ့ရဲ့ ဝမ်းကွဲညီတစ်ယောက် ဆေးခြောက်လက်ဝယ်တွေ့ရှိမှုနဲ့ အဖမ်းခံထားရတဲ့အတွက် အာမခံနဲ့ ထုတ်ဖို့ ပိုက်ဆံထုပ်ပိုက်ပြီး စက်ဘီးနင်းလာခဲ့ပါတယ်။ အဲ့အချိန်မှာတင် အနောက်ကနေ ရဲကားရဲ့ ဝင်တိုက်ခြင်းကို ခံလိုက်ရပြီး လူမျိုးရေးခွဲခြားတဲ့ ဆက်ဆံမှုတွေနဲ့ အတူ အာမခံကြေးပိုက်ဆံကို မသမာမှုအနေနဲ့ သံသယရှိတယ်ဆိုပြီး သိမ်းသွားပါတော့တယ်။
အာမခံကြေးနဲ့သာ မထုတ်နိုင်လို့ ပြည်နယ်ထောင်ထဲရောက်သွားရင် ရန်သူဂိုဏ်းသမားတွေရဲ့ သတ်ဖြတ်ခံရမှာ သေချာနေတဲ့ ညီငယ့်ကို ကယ်ဖို့အတွက် တရားမှုကို ရှာဖွေရင်း မြို့နယ်လေးမှာ ရဲမှူးဦးဆောင်ပြီး အကျင့်ပျက်ခြစားမှုတွေ ဖြစ်ပျက်လာတာကို တွေ့လိုက်ရတဲ့နောက်မှာတော့... တယ်ရီတစ်ယောက် ရဲဌာနတစ်ခုလုံးနဲ့ ဘယ်လိုရင်ဆိုင်ရမလဲ သူ့ညီကိုရော ကယ်နိုင်ပါ့မလားဆိုတာကို အက်ရှင်တွေနဲ့ ကြည့်ရှုရမယ့် ကားကောင်းလေးပဲဖြစ်ပါတယ်။
Translated & Reviewed by Win Htut
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်