ဇာတ်ကောင်တွေကတော့ ပရိတ်သတ်တွေသိပြီးသားမလို့ အထွေအထူးမိတ်ဆက်ပေးစရာမလိုတော့ပါဘူး။
လေးနှစ်ကြာပြီးတဲ့နောက်မှာတော့ ဂျိူ alarm version 2 ကို လူပိုသုံးများလာကြပါတယ်။ အသစ်ထွက်လာတဲ့ version 2 မှာဆိုရင် လုပ်ဆောင်ချက်အသစ်ပါလာပါတယ်။ ကိုယ့်ကိုသဘောကျတဲ့သူကိုတွေ့ရင် alarm မြည်ရုံသာမက ကိုယ့်ကို သဘောကျလာနိုင်ချေရှိတဲ့သူတွေ့ရင်လည်း alarm မြည်လာမယ့် လုပ်ဆောင်ချက်အသစ်ပါ။ Version အသစ်ကြောင့် ဂျိုဂျို၊ ဟယ်ယောင်းနဲ့ ဆွန်းအိုတို့ကြားမှာ ပြောင်းလဲမှုတွေစတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ ဟယ်ယောင်းရဲ့ မိမိကိုသဘောကျလာနိုင်ချေရှိတဲ့သူ alarm စာရင်းမှာ ဂျိုဂျိုပါလာပြီး ဆွန်းအိုရဲ့ love alarm ကတော့ ဂျိုဂျို့နားရောက်ချိန်မှာ မမြည်တော့ပါဘူး။ သူတို့ကြားထဲမှာရှိတဲ့ ခံစားချက်တွေက စတင်ပြောင်းလဲနေပြီလား။ ဂျိုဂျိုရဲ့ love alarm ကိုမြည်လာအောင် ဘယ်သူက လုပ်ဆောင်နိုင်မှာလဲ။ တကယ်ပဲ love alarm က တကယ့်ခံစားချက်နဲ့ကိုက်ညီမလားဆိုတာကို အဆုံးအဖြတ်ပေးမယ့် season ပါပဲ။