ဒီဇာတ်ကားမှာ ဂျိမ်းစ်ဘွန်းက Spectre ဆိုတဲ့ တကယ့်လူဆိုးဂိုဏ်းကြီးကို ဖြိုခွဲရမှာပါ။
ဒီမှာ ဇာတ်လမ်းသဘောကို ကြီးကျယ်သွားစေတဲ့အချက်က အဲ့ဒီ Spectre ဆိုတာဟာ
ဂျိမ်းစ်ဘွန်းတို့ရဲ့ မဟာရန်သူတော်ကြီးတွေ စုစည်းပါဝင်နေတဲ့ တကယ့်လူဆိုးဂိုဏ်းကြီးပါ။
မင်းသားကြီး ဒယ်နီရယ်ခရိတ်ခ်ရဲ့ တကယ့်ရန်သူတော်ကြီးကို Skyfall မှာတုန်းက သေသွားခဲ့တဲ့
M က မသေခင် ပေးပို့သွားတဲ့ Message ကနေခြေရာခံလိုက်ခဲ့တာပါ။ အဲ့ဒီရန်သူတော်ကြီးက Spectre ဆိုတဲ့
ဂိုဏ်းအဖွဲ့က ဖြစ်ပြီး ပေါ့သေးသေးရန်သူမဟုတ်ချေ။ ဂျိမ်းဘွန်းရဲ့ ချစ်သူခင်သူ သံယောဇဉ်ရှိသူအားလုံးကို
သတ်ပစ်ခဲ့သူတစ်ယောက်ပါ။
ဒါကြောင့် Q တို့ မန်နီပန်နီတို့ M တို့က တရားဝင်ကူညီခွင့်မရဘဲ ဘေးကနေ အသာလေးကူညီနေရပြီး
ဂျိမ်းစ်ဘွန်းတစ်ယောက်ထဲ ကြိုးစားရုန်းကန်တဲ့ ပုံစံမျိုးနဲ့ ဖန်တီးထားတာကြောင့် ရှေးခေတ်တုန်းကလို
ဘော်ကြော့ ဟီးရိုး မဟုတ်တော့ဘဲ ယခုခေတ် ခပ်မိုက်မိုက် ထီမထင် ဟီးရိုးပုံစံဖြစ်လာပါတယ်။
Translated by - Xenon
Encoded by - Nezu