Switch Mode

Mad Max: Fury Road (2015)

Download Mad Max: Fury Road (2015), Watch Mad Max: Fury Road (2015), don't forget to click on the like and share button. Series Mad Max: Fury Road always updated at MMFILM. Don't forget to watch other series updates.

Mad Max: Fury Road (2015)

MOVIE

Mad Max: Fury Road

Mad Max: Fury Road

Rating 8.1
Status: Completed Released: 15 May 2015 Duration: 120 min Country: , Type: Movie Director: Casts: , ,
ဒီကားက ၁၉၇၉ တုန်းက ထွက်ခဲ့တဲ့ မင်းသားကြီး Mel Gibson ရဲ့ Mad Max ဇာတ်လမ်းတွဲကို ဇာတ်လမ်းကျောရိုးယူပြီး ပြန်လည် ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီကားက Rated-R ဖြစ်ပြီး ကလေးတွေကြည့်ဖို့ မသင့်တော်ပါဘူး။ ဇာတ်ကားမှာ မင်းသား Tom Hardy က Max အဖြစ်သရုပ်ဆောင်ထားပြီး၊ Charlize Theron နဲ့ Nicholas Hoult က တွဲဖက် သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းက ကမ္ဘာပျက်ပြီးနောက် Australia ကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာဖြစ်ပြီး၊ ဒီဇာတ်လမ်းထဲက Australia မှာ လူတိုင်းက ဓါတ်ဆီကို လုနေကြပါတယ်။ ဒီဇာတ်ကားက သာမန် Remade ဇာတ်ကားတွေလို Original Mad Max ကို အသစ်အနေနဲ့ ပြန်ရိုက်ထားတာ ဇာတ်လမ်းကျောရိုးကိုပဲယူပြီး ဇာတ်အိမ်အသစ်နဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီကားမှာ Superhero ကားတွေလို Robocop (2014) လို ဇာတ်လမ်းကမင်းသားရဲ့ Origin (သူရဲ့နောက်ကြောင်း) ကို အချိန်ကုန်ခံပြီး ပြမနေပါဘူး။ Max က ဘယ်လိုလူမျိုးလည်းဆိုတာ တခါတည်းတန်းပြပြီး ဇာတ်လမ်း ကို စတင်ထားပါတယ်။ဒီကားမှာ မင်းသားရဲ့ နောက်ကြောင်းကို သာမက ဇာတ်ကောင်တွေတော်တော်များများရဲ့ နောက်ကြောင်း ကိုလည်း ဘာမှမပြနေပဲ နဲ့ ဇာတ်လမ်း ကိုအသားပေးတင်ဆက်ထားတာတွေ့ရပါတယ်။ ဒါပေမယ့် ဇာတ်ရှိန်ရလာတာနဲ့အမျှ အဓိကဇာတ်ကောင်တွေအကြောင်းကို တဖြည်းဖြည်းချင်း ပရိတ်သတ်ကို သိစေလာတဲ့ပုံစံ မျိုးနဲ့ ပညာသားပါပါတင်ဆက်ထားပါတယ်။။ ဇာတ်လမ်းမှာ လူဆိုးခေါင်းဆောင် Immortan Joe က သောက်သုံးရေကို ထိမ်းချုပ်ထားပြီး လူတွေကို လည်း ခိုင်းစားထားပါတယ်။ ဒါ့အပြင် မိန်းမချော လေးတွေကိုလည်း ရွေးချယ်ပြီး ကလေးမွေးဖို့အတွက် သက်သက် ဖမ်းထားထား ပါတယ်။ ဇာတ်လမ်းအစမှာ Max က Immortan ရဲ့ လူတွေဖမ်းတာခံရပြီး blood bag (သွေးသွင်းတဲ့ အိတ်လို့ တင်စားခေါ်တာဖြစ်ပြီး) Max ရဲ့ သွေးကို Nux လို့ခေါ်တဲ့ Immortan ရဲ့ စစ်သားကိုသွင်းပေးထားပါတယ်။ဒီနောက်မှာ Furiosa လို့ခေါ်တဲ့ သူ့ရဲ့ ညာလက်ရုံး (Charlize Theron) ကို ရေနံထွက်တဲ့မြို့က နေ ဓါတ်ဆီကို သွားယူခိုင်း ပါတယ်။ ဒီလိုသွားယူရာမှာ Furiosa က War Rig (ရေနံနဲ့ ရိက္ခာသာမက လက်နှက်တွေပါပါပြီး၊ ခံနိုင်ရည်ရှိတဲ့) ကားကို မောင်းရပါတယ်။ ဒီကနေ သူမက ရေနံသွားမယူပဲ လမ်းကြောင်းပြောင်းသွားခဲ့ပါတယ်။ ဒီအခါမှာ Immortan Joe က သူရဲ့ မိန်းမ ငါးယောက် ရော သူ War Rig ပါ ပါသွားလို့ နောက်ကနေ လိုက် တာဖြစ်ပါတယ်။ဒီလိုလိုက်ရာမှာ Nux (Nicholas Hoult) က သွေးသွင်းရင်း နဲ့ လိုက်ချင်တယ်ဆိုပြီး လိုက်ရာကနေ Max ပါပါသွားပြီး လမ်းမှာ Max နဲ့ Furiosa တို့ ပေါင်းမိသွားရာကနေ သူတို့ လိုရာကို အရောက်သွားကြသလို၊ နောက်က လိုက်တဲ့သူတွေကလည်း လိုက်ရင်းနဲ့ ဇာတ်ကားတစ်ကားလုံးက Car Chase Scene တွေနဲ့ပဲ ပြည့်နေပါတယ်။ဇာတ်လမ်းထဲမှာ Nicholas Hoult ရဲ့ ဇာတ်ကောင် Nux အပါအဝင် Immortan ရဲ့ စစ်သားတွေကို War Boy လို့ခေါ်ပြီး သူတို့ ကို ဒီကောင်ကြီးက မဟုတ်တာတွေပြောဆိုပြီး ခိုင်းစားထားတာဖြစ်ပါတယ်။ ဒါကြောင့် သူတို့ဟာ သေဖို့တောင် မကြောက်ပဲ အသေခံ ချနေကြတာဖြစ်ပြီး Brain Wash လုပ်ခံထားရတာကြောင့် သနားဖို့လည်းကောင်းပါတယ်။ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး၊ အက်ရှင်ကောင်းကောင်း၊ Effect ကောင်းကောင်းနဲ့ ရိုက်ကူးထားသလို၊ ဇာတ်လမ်းဇာတ်အိမ်လည်းကောင်းပါတယ်။ ဒါ့အပြင် Character Development လို့ ခေါ်တဲ့ ဇာတ်ကောင် တွေကို ပရိတ်သတ် နဲ့ အချိတ်အဆက်မိအောင် လည်း ကောင်းကောင်းလုပ်ပေးထားလို့ ဇာတ်ကားထဲမှာ ပါတဲ့သူတွေကို ပရိတ်သတ်အနေနဲ့ Relate လုပ်လို့ရပါတယ်။ IMDB Ratingမှာလဲ 8.5 အထိ ရထားတာဆိုတာ ဇာတ်ကားကောင်းဆိုတာ သံသယ ဝင်စရာ မရှိပါဘူး။ REVIEW CREDIT -=-=-=-=-=-=-=-=-=-= ENCODED BY HAY MAN SIZE-1.2GB RESOLUTION-1080P -=-=-=-=-=-=-=-=-=-=