Tokyo Revenger ဆိုတဲ့ Anime ကတော့ တော်တော်ကိုနာမည်ကြီးသလို ဂျပန်မှာလည်း အရမ်းကို နာမည်ကျော်ကြားတဲ့ မန်ဂ တစ်ခုအနေနဲ့ ရပ်တည်နေခဲ့တာကြောင့် အခုလိုမျိုး Live Actionထုတ်ပြီးရိုက်လာကြတာဖြစ်ပါတယ်..
အစကတော့ ဒီLive action ကိုFailမယ်လို့ထင်ခဲ့ပေမဲ့ တကယ်ကြည့်လိုက်တဲ့အချိန်မှာမမျော်လင့်ထားတဲ့ရိုက်ချက်တွေ သရုပ်ဆောင်ချက်တွေကိုတွေ့ရမှာဖြစ်ပြီး အခြား Live Actionတွေကို သရုပ်ဆောင်ပိုင်းမှာပေါ့တာ ပေါသွားတာမရှိပဲ ဇာတ်ညွန်းကအစပြည့်စုံတယ်လို့ပြောလို့ရသလောက်ပါပဲ ...
100 ရာနှုန်း ပြည့်စုံတယ်တော့မဟုတ်ပေမဲ့ WBကရိုက်တဲ့ Live Action တိုင်းကတော့ ဒီလောက်ကောင်းပါတယ်....
Anime မကြည့်ဖူးတဲ့သူတွေအတွက် ဇာတ်လမ်းကိုပြောရမယ်ဆိုရင် ဂျပန်ရာကူဇာ လူမိုက်ဂိုဏ်းကားလို့ပြောရမလား ကျောင်းသားလူမိုက်ကားလို့ပြောရမလား ပေါ့ ...
ဒီအထဲက တိုကျိုမန်ဂျီဂိုဏ်းဆိုတာ တကယ်ဂျပန်မှာရှိခဲ့တဲ့ Black Emperorဆိုတဲ့ဂိုဏ်းတစ်ဂိုဏ်ကိုးအဆွဲ့ပြုထားတာ ဖြစ်ပြီးတော့
Characterတွေကလည်း အဲဒီ ကနေပဲ Inspireလုပ်ထားတယ်လို့ပြောလို့ရပါတယ်...
ဇာတ်ညွန်းလေးပြောပါဆိုရင် ....
တာကဲမီချီ ဟာ လူလတ်ပိုင်းအရွယ် ကျောင်းထွက် အလုပ်လုပ်နေပြီး ဘဝမှာ တောင်းပန်ပါတယ်ဆိုတဲ့စကားလုံးကိုရေလိုပြောပြီး အောက်ကျနောက်ကျနဲ့နေထိုင်နေသူတစ်ဦးပဲဖြစ်ပါတယ်...
တစ်နေ့သူနဲ့ အထက်ကျောင်းတုန်းကတွဲဖူးတဲ့ မိန်းကလေးတစ်ယောက်သေဆုံးသွားတဲ့သတင်းဖတ်ပြီးနောက်မှာ သူ့ဘဝကိုပြန်ပြီးလေ့လာမိတဲ့အခါ သူမှားခဲ့တဲ့အချိန်တွေကိုပြန်ပြီးနှောင်တရနေတတ်ပါတယ်...
အဲဒီနောက်မှာ မတော်တဆတစ်ခုကြောင့် သူဟာ သူ့ရဲ့ ကျောင်းသားဘဝကိုအချိန်ခရီးသွားရာကနေ သူ့ဘဝရဲ့ အကြောင်းကို ကျွန်တော်တို့က စပြီးတော့လေ့လာဖြစ်တော့မယ်ပေါ့...
သူဟာကျောင်းသားဘဝတုန်းက လူမိုက်လေးတစ်ယောက် ( လူမိုက်ကြီးလို့ပြောရင်ဖိုက်တာကြီးထင်နေမဆိုးလို့ ) ......
သူ့ရဲ့ကျောင်းသားဘဝတုန်းက ဖြစ်ခဲ့တဲ့ကိစ္စတွေကနေ သူနဲ့တွဲဖူးတဲ့မိန်းကလေး ဟီနာတာ နဲ့ပတ်သက်ပြီးတော့ သူဟာ အချိန်ခရီးသွားတဲ့ကိစ္စနဲ့ဘယ်လိုဆက်စပ်နေမလဲ .....
တိုကျိုမန်ဂျီဂိုဏ်းနဲ့ ဟီနာတာနဲ့ဘယ်လိုဆက်စပ်မှုတွေရှိနေလို့ လဲ.....
တာကဲမီချီတစ်ယောက် အချိန်ခရိးသွားရင်း ဟီနာတာကိုကယ်နိုင်မလားဆိုတာ......
Erasedဆိုတဲ့ Animeကိုကြိုက်တဲ့သူတွေ အတွက်အသဲဆွဲဖြစ်မယ့်ကားလေးဖြစ်ပြီးတော့ High & Lowကိုအရူးအမူးဖြစ်တယ်ဆိုရင် ချခန်းတွေ လူမိုက်ကားတွေကြိုက်တယ်ဆိုရင် ကြည့်သင့်တဲ့ကားလို့ပြောလိုက်ချင်ပါတယ်....
-=-=-==--=-=-=-=-=-=-=-=-=-=-=-=-=-===
Translated & Review By MMFILM
Encoded By PULP
Resolution - 1080P , 360P
Size - 1GB , 400MB
-=-=-==-=--=-=-=-=-=-=-=-=