ကျွန်တော်တို့နေတဲ့ ကမ္ဘာကြီးက တဖြည်းဖြည်းတိုးတက် လာတာနဲ့အမျှ နည်းပညာတွေကလည်းတိုးတက်လာပါတယ်။
အခုပြောပြပေးမယ့် ဇာက်ကားလေးကလည်း နည်းပညာအပေါ်မှာအခြေခံထားတာပါ။
Kimi ဆိုတဲ့ နည်းပညာအသစ်လေးက သူတို့ရဲ့နောင်တော်ကြီးတွေလို Program တွေနဲ့ ပြန်လည်ဖြေကြားပေးမှာမဟုတ်ပဲ
လူသားတွေနဲ့ပဲပြန်လည်ဖြေကြားပေးမှာဖြစ်တဲ့အတွက် ပြဿနာတွေကို ပိုဖြေရှင်းနိုင်မယ်လို့ကြေညာလာခဲ့ပါတယ်။
စမ်းသပ်ထုတ်လုပ်ရေးကာလတစ်ခုမှာတော့ အန်ဂျလာဆိုတဲ့ Kimi ရဲ့ပြန်လည်ဖြေကြားရေးဝန်ထမ်းမလေးရဲ့
အလုပ်ချိန်အတွင်း ကြားလိုက်ရတဲ့ အသံတစ်ခုကြောင့် တတ်နိုင်သူမျှအကူအညီပေးဖို့ ကြိုးစားတဲ့အခါမှာတော့…