ဒီမိုကရေစီဆိုတာ ပြည်သူပြည်သားတိုင်းရချင်ကြတဲ့အရာပါ ဒီမိုကရေစီအတွက် နိုင်ငံတော်တော်များများကလည်း ရင်ဆိုင်တိုက်ပွဲဝင်ခဲ့ရပါတယ်
ဒီထဲမှာ ၁၉၈၀ ဝန်းကျင်က ကိုရီးယားနိုင်ငံဂွမ်ဂျူမြို့က ပြည်သူပြည်သားတွေ စစ်အုပ်ချုပ်ရေးက်ုဆန့်ကျင်ပြီး ဒီမိုကရေစီအတွက်တိုက်ပွဲဝင်နေကြပုံကို တိတိကျကျဖော်ပြရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ကားလေးပဲဖြစ်ပါတယ်။
ကိုရီးယားစစ်တပ်က ဂွမ်ဂျူမြို့တစ်ခုလုံးကိုပိတ်ဆို့ထားပြီး ဖုန်းလိုင်းများလည်းဖြတ်တောက်ထားတယ်ဆိုတဲ့သတင်းကြောင့် ဂွမ်ဂျူမြို့အကြောင်းသတင်းယူဖို့ ဂျာမနီသတင်းထောက်တစ်ဦးရောက်လာတဲ့အခါ
ဂွမ်ဂျူကိုသွားဖို့ဆိုးလ်ကတက္ကစီကို စျေးကြီးကြီးပေးပြီးငှါးနေတယ်လို့ကြားတဲ့ တက္ကစီသမားကြီးတစ်ဦး
သမီးဖြစ်သူဖို့ဖိနပ်လေးတစ်ရံတောင်မဝယ်ပေးနိုင်ဘဲ အိမ်လခလည်းမပေးလို့ နှင်ချခံရတော့မလို့ဖြစ်နေတာကြောင့် ဂွမ်ဂျူကို လိုက်ပို့ပေးလို့ဆုံးဖြတ်ပြီး သွားတဲ့အခါမှာတော့
ပြည်တွင်းသတင်းတွေထဲကပဲတွေ့နေကျသတင်းတွေကကောအမှန်ပဲလား လက်တွေ့မှာကောဂွမ်ဂျူမြို့ရဲ့အခြေအနေကဘယ်လိုဖြစ်နေလဲဆိုတာကိုသိရချိန်မှာတော့…..
Translated & Reviewed by Rhea Encoded by Aye Chan