ဒီတခေါက် MMflimပရိတ်သတ်တွေကို မင်းသားကြီး Ji Sungရဲ့comeback ဇာတ်လမ်းတွဲတခုဖြစ်တဲ့ Adamasဆိုတဲ့ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းလေးကတော့ လွန်ခဲ့တဲ့၂၂နှစ်ကအဖြစ်အပျက်တခုရဲ့အမှန်တရားကိုဖော်ထုတ်ကြမဲ့အမွှာညီအကိုနှစ်ယောက်ရဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ် အမွှာညီအကိုအဖြစ် မင်းသား Ji Sungကပဲနှစ်ကိုယ်ခွဲသရုပ်ဆောင်သွားမှာဖြစ်ပြီး မင်းသား Ji Sungအပြင် မင်းသမီး Seo Ji Hye၊ မင်းသမီးLee Soo Kyungစတဲ့ နံမည်ကြီး သရုပ်ဆောင်များစွာကလည်းပါဝင်သွားမှာဖြစ်ပါတယ်
မွေးစားဖခင်ကိုသတ်ခဲ့ပါတယ်ဆိုပြီး သေဒဏ်ပေးခံရတဲ့ ဖခင်ရင်းဟာ မှားယွင်းစွပ်စွဲခံရတယ်ဆိုတာကိုသိရှိပြီးတဲ့နောက်မှာတော့ ဖခင်ရင်းရဲ့မှားယွင်းစွပ်စွဲခံရမှုကနေလွတ်မြောက်ပြီး အမှန်တရားပေါ်ပေါက်လာအောင် ဝူရှင်းနဲ့ဆူဟျွန်းဆိုတဲ့အမွှာညီအကိုနှစ်ယောက်က သူတိုနည်းသူတိုဟန်နဲ့ ဖြစ်ရပ်မှန်ကိုဖော်ထုတ်ကြမှာဖြစ်ပါတယ် အကိုကြီးဖြစ်သူ ဆုန်းဆူဟျွန်းကတော့ ရှေ့နေတယောက်ဖြစ်ပြီး ညီငယ်ဖြစ်သူဟာဝူရှင်းကတော့ ရောင်းအားအကောင်းဆုံးစာရေးဆရာတယောက်ပဲဖြစ်ပါတယ်
mysteryဆန်ဆန်စုံထောက်လုပ်ပြီးဖြေရှင်းရတာကိုနှစ်သက်တဲ့kdramaဖန်တိုအတွက်လက်မလွှတ်သင့်တဲ့ဇာတ်ကားတကားဖြစ်တဲ့အပြင် မင်းသားကြီးJi Sungရဲ့ ပြောစရာမလို အပိုအလိုမရှိတဲ့ သရုပ်ဆောင်စွမ်းရည်ကိုပါကြည့်ရှုရမှာမို အပတ်စဥ်ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့တိုင်း Adamas ဆိုတဲ့ဇာတ်လမ်းတွဲလေးကို MMflim channelကနေ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်
Translated by Hsu Htet, Channie, Mona, Hana, Rhea
Encoded by Aye Chan