
Season 1
Download Agents of S.H.I.E.L.D. (Season 1), Watch Agents of S.H.I.E.L.D. (Season 1), don't forget to click on the like and share button. Series Agents of S.H.I.E.L.D. always updated at MMFILM. Don't forget to watch other series updates.
Season 1
AOS Fan တွေအတွက်ကတော့ အထူးတလည်ရှင်းပြစရာမလိုပေမယ့် မရင်းနှီးသေးတဲ့လူတွေအတွက် အကျဉ်းချုပ်လေး ရှင်းပြပေးချင်ပါတယ်။
“Agents of S.H.E.L.D” စီးရီးက MCU နဲ့ချိတ်ဆက်ထားတဲ့ စီးရီးတစ်ခုဖြစ်ပြီး Avenger Assemble (Avenger 1) မှာ သေဆုံးခဲ့တဲ့ S.H.E.L.D agent Phil Coulson ကို အဓိက ဦးတည်ဇာတ်လမ်းတည်ထားပါတယ်။
စီးရီးတစ်လျှောက်လုံးမှာလဲ MUC ကအဖြစ်အပျက်တွေနဲ့အချိတ်အဆက်မိမိရိုက်ကူးထားပြီး MCU Fan တွေအတွက်ကတော့ မကြည့်မဖြစ်စီးရီးတစ်ခုပါပဲ။
ဦးတိုနီတို့ ဘကြီးCaptတို့ ခိုခိုသော်ရ် တို့အပြင်မှာအစွမ်းကုန် ကမ္ဘာကိုကာကွယ်ပေးနေသလို AOSအဖွဲ့ကလဲ နောက်ကွယ်မှာလူမသိသူမသိ လျို့လျို့ဝှက်ဝှက်လေး ကာကွယ်ပေးနေခဲ့တာပါ
Hydra အကြောင်းကိုလဲဒီစီးရီးထဲမှာ ပြည့်ပြည့်စုံစုံသိနိုင်ပါတယ်။
Nick Fury ရဲ့သေဆုံးမှု(သေချင်ယောင်ဆောင်)က SHIELD အပေါ်ဘယ်လောက်သက်ရောက်မှုရှိခဲ့လဲဆိုတဲ့အကြောင်း၊Avenger: Age of Ultron နောက်ဆုံးခန်းမှာ လာကယ်တဲ့ ဟယ်လီကယ်ရီယာ(helicarrier)ကို S.H.E.L.D မှာတည်ဆောက်ခဲ့တဲ့အကြောင်း၊ အခု Season 5 မှာလဲ Thanos အကြောင်းအရိတ်အမြွတ်ပြောတာတွေ စသည်ဖြင့်ပါဝင်ပါတယ်။
MCU Timeline အတိုင်းသွားနေတဲ့စီးရီးဖြစ်သလို Inhuman အကြောင်းတွေလဲ တော်တော်များများပါဝင်ပါတယ်။ Season 4 မှာဆိုရင် Ghost Rider ( Robbie Reyes) တောင်ပါလာပါသေးတယ်။ အားနည်းချက်တစ်ခုကတော့ MCU နဲ့သွားချိတ်ထားတဲ့အတွက် ဟာကွက်လေးနည်းနည်းတော့ရှိပါတယ်။
ဘာလဲဆိုတော့ စီးရီးဖြစ်တာနဲ့အညီ စီးရီးထဲကလူတွေနဲ့ပဲပွဲကြမ်းလိုက်ရတော့ အဲ့လိုမျိုးကြမ်းပေ့ရမ်းပေ့Villainတွေနဲ့ချနေတာ Avenger တွေဘယ်ရောက်နေလဲဆိုတာတော့ မေးစရာရှိပါတယ်(Nick Furyကြီးတော့ လေး ငါးခန်းလောက်ပါလိုက်ပါတယ်)။ အဲ့အချက်လေးကိုမေ့ပြီးကြည့်ရင်တော့ ကြည့်ကောင်းတဲ့စီးရီးတစ်ခုဖြစ်တယ်ဆိုတာတော့လုံးဝအာမခံပါတယ်။
Phil Coulson ရဲ့ခေါင်းဆောင်ကောင်းပီသမှုတွေ၊ Agent May ရဲ့ Bad ass ဖြစ်မှုတွေ၊ Daisy Johnson(Quake)ရဲ့ Sexy and Dangerous အကွက်တွေ၊ Fiz နဲ့ Simmon တို့ရဲ့ ရိုးရိုးလေးနဲ့ကြည်နူးစရာကောင်းတဲ့ရိုမန်တစ်လေးတွေ နဲ့ဒီစီးရီးကို ပျင်းစရာမကောင်းအောင်ဆွဲခေါ်သွားမှာပါ။
အခုတင်ဆက်ပေးလိုက်တဲ့ Seaon 5 မှာတော့ MCU Timeline အရဆိုရင် Spiderman: Homecoming ပြီးနောက်အချိန်မှာစထားပါတယ်။
Season 4 မှာတုန်းက Framework ထဲ တစ်ဖွဲ့လုံးရောက်သွားရာကနေ လွတ်မြောက်လာပြီးနောက် ဇာတ်လမ်းပြန်ဆက်ထားတာပါ။
Phil Coulson, Agent May, Daisy, Fiz, Simmon, Mack နဲ့ Yo-Yo တို့ အေးအေးဆေးဆေး စားသောက်ဆိုင်မှာအဖမ်းခံဖို့ အစားစားရင်းစောင့်နေရာကနေအမည်မသိအဖွဲ့တစ်ခုကနေ ဖမ်းခေါ်သွားပါတယ်။ ဖမ်းခေါ်သွားတဲ့အထဲမှာ Fiz မပါသွားပါဘူး။ ကျန်တဲ့အဖမ်းခံလိုက်ရတဲ့လူတွေက Monolith (မှော်ကျောက်တုံး)ကနေတဆင့် အနာဂတ် ကိုအပို့ခံလိုက်ရပါတယ်။ Framework ကနေလွတ်လာတာမကြာသေးအနာဂတ်ထပ်ရောက်သွားတယ်ပေါ့ဗျာ။
ဖြစ်ချင်တော့ သူတို့ရောက်သွားတဲ့အနာဂတ်အချိန်မှာ ကမ္ဘာကတစ်စစီဖြစ်နေပြီ။ အသက်ရှင်ကျန်ရစ်တဲ့လူတွေကလဲ အာကာသထဲက နေရာတစ်ခုရောက်နေတယ်။ သူတို့ရောက်သွားတာလဲအဲ့နေရာပဲ။ စကတည်းကယဉ်သကို ဆိုသလို ကျန်ရစ်တဲ့လူတွေကို အုပ်ချုပ်နေတာ Kreeဂြိုလ်သားတွေ(အသစ်ထွက်လာမယ့် Captain Marvel က Kreeတွေနဲ့ဆက်စပ်မှုရှိပါတယ်) ဖြစ်နေပါတယ်။
Phil Coulson တို့အဖွဲ့ ဘယ်လိုများ သူတို့ရဲ့အချိန်ကာလကိုပြန်ရောက်အောင်လုပ်မလဲ။
လက်ရှိကျန်ရစ်တဲ့လူတွေကိုရော ဂြိုလ်သားတွေလက်ထဲက ဘယ်လိုများကယ်တင်အုန်းမလဲ။
ကမ္ဘာပေါ်မှာ ကျန်ခဲ့တဲ့ Fiz ကရော ဘယ်လိုများကူညီကယ်တင်မလဲဆိုတာတွေကိုတော့စီးရီးမှာဆက်လက်စောင့်ကြည့်လိုက်ကြပါအုန်းခင်ဗျာ။