Switch Mode

Alienoid (2022)

Movie Sub Released on August 31, 2022 · ? views · Posted by admin · Series Alienoid
(vd တိုက်ရိုက်ကြည့်မရရင် အောက်ကDownload linkကနေတစ်ဆင့်လည်း ဒေါင်းကြည့်နိုင်ပါတယ်)
Expand
Turn Off Light
Download
Alienoid (2022) 720p

Download Alienoid (2022), Watch Alienoid (2022), don't forget to click on the like and share button. Series Alienoid always updated at MMFILM. Don't forget to watch other series updates.

Movie

Alienoid

Alienoid

Rating 6.9
Status: Completed Released: 20 Jul 2022 Duration: 142 min Country: Type: Movie Director: Casts: , ,
Alienoid (2022) ( Part 1) ----------------------------- လက်ရှိအချိန် လူသားတွေရဲ့ကိုယ်ထဲမှာ အကျဥ်းချပိတ်ထားခံရတဲ့ ဂြိုဟ်သားအကျဥ်းသားတွေကို စောင့်ကြပ်ထိန်းသိမ်းစီမံရတဲ့ Guard ဟာ အလုပ်သဘောအရ လိုအပ်ရင် လိုအပ်သလို အချိန်ကိုအပြောင်းအရွှေ့လုပ်ပြီး အကျဥ်းသားတွေကို ဖမ်းဆီးထိန်းသိမ်းရပါတယ်။ ဒါပေမဲ့လည်း သူဟာ လူသားတွေရဲ့အရေးအရာမှာ လုံး၀ပါဝင်စွက်ဖက်ခြင်းမရှိပါဘူး။ တစ်နေ့ ဂိုလျောခေတ် ၁၄ ရာစုအချိန်ကာလကိုထွက်ပြေးသွားတဲ့ ဂြိုဟ်သားကို တွဲဖက်ဖြစ်တဲ့ Thunder နဲ့အတူလိုက်လံဖမ်းဆီးပြီးတဲ့နောက် ၂၁ ရာစုကိုပြန်လာတဲ့အချိန် အပြစ်သားကြောင့် ဓားစာခံဖြစ်ပြီးသေဆုံးခဲ့ရတဲ့ မိန်းမတစ်ယောက်ရဲ့ သမီးလေးကိုပါ ပြန်ခေါ်လာခဲ့ပြီးလူသားတွေကြားရောနှောနေနိုင်အောင် ကလေးမလေးကို အဖေအနေနဲ့ကျွေးမွေးပျိုးထောင်ထားခဲ့ပါတယ်။ အချိန်တွေကြာတဲ့တစ်နေ့ လူသားကိုယ်ထဲမှာ အချုပ်နှောင်ခံထားရတဲ့ ဂြိုဟ်သားတွေက လူသားကိုယ်ထဲကနေရုန်းထွက်ဖို့ကြိုးစားရင်း လူသားကမ္ဘာမှာပါ အချိန်ကာလတွေ ကပြောင်းကပြန်ဖြစ်လာတဲ့အခါ... Guard အနေနဲ့ ဒီအခြေအနေကို ပြန်ပြီး ထိန်းသိမ်းနိုင်ပါ့မလား..။ သမီးဖြစ်သူရီယန်လေးကရော ဒီအခြေအနေတွေမှာ ဘယ်အခန်းကဏ္ဍကနေ ပါဝင်လာမလဲ..။ လွတ်မြောက်နေတဲ့ အကျဥ်းသားတွေကိုရော ပြန်ပြီးထိန်းသိမ်းနိုင်ပါ့မလား... ရှုပ်ထွေးသွားခဲ့တဲ့ အချိန်ကာလတွေကရောဘယ်လို သက်ရောက်မှုတွေဖြစ်စေမှာလဲ ...။ Science Fantasy Action Film အမျိုးအစားဖြစ်ပြီး ငွေအားရော လူအားပါတော်တော်လေး အင်အားစိုက်ထုတ်ထားတာတွေ့ရပါတယ်။ CGI effect တွေလည်း ပီပီပြင်ပြင်ထည့်သွင်းထားပါသေးတယ်။ ဝမ်သန်းပေါင်း ၃၃ ဘီလျံအကုန်အကျခံထားပြီး ..လောလောဆယ် Box Office မှာ ၁၂.၅ မီလီယံရရှိထားပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကတော့.. Reply 1988..Taxi Driver စတဲ့ကားများစွာနဲ့ နာမည်ရထားတဲ့ မင်းသား Ryu Jun yeol.. ကင်ဆာရောဂါကြောင့် အချိန်အတော်ကြာဆေးကုခံရင်း လူမြင်ကွင်းကနေကွယ်ပျောက်နေတဲ့ Kim Woo Bin.. Mister Sunshine..Twenty Five TwentyOne ကားတွေနဲ့ ပရိတ်သတ်ကို ဖမ်းစားနိုင်ခဲ့တဲ့ မင်းသမီးလေး Kim Tae Ri.. Master of the Sun ဇာတ်ကားရဲ့ ဦးလေးကြီး So Ji Sub.. နောက်ထပ်နောက်ထပ် နာမည်ရသရုပ်ဆောင်ပေါင်းများစွာပါဝင်တာမို့...ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ခုဆိုတာ သေချာပါပြီနော်။ IMBD 6.8 ရရှိထားတာမို့ Rating လည်းမဆိုးလှပါဘူး။ Part 2 လည်း ဆက်ထွက်ဖို့ရှိသေးတာမို့ အတူတူစောင့်ကြည့်လိုက်ရအောင်ပါ။ Resolution ......720P & 1080P File Size........... 1GB& 1.8GB Translated By MMfilm Team Encoded by Zion