ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ကျွန်တော့်ရင်ထဲမှာပြောချင်တာတွေအရမ်းများနေတယ်။ ပြောချင်တာတွေချရေးလိုက်တိုင်း ဆိုလိုရင်းကိုမထိရောက်သေးသလိုခံစားနေရတယ်။
ဒီဇာတ်ကားကပေးတဲ့ခံစားချက်တွေ ကျေနပ်မှုတွေ မကျေနပ်မှုတွေ မချိတင်ကဲတွေ အစုံစုံကိုကျွန်တော်အသေးစိတ်ရေးပြချင်တယ်….ဒီနေရာမှာကျွန်တော့်ရဲ့အားနည်းချက်ကအထင်းသားပေါ်တာပဲ…
စာချရေးလိုက်တိုင်းမှာအဲ့ဒီခံစားချက်တွေပါမလာသလိုကျွန်တော်ခံစားနေရတယ်..ဒါနဲ့ပဲ ရေးထားသမျှတွေအကုန်ပြန်ဖျက်လိုက်တယ်….
ဒီလိုဇာတ်ကားမျိုးကိုညွှန်းပေးဖို့ကျွန်တော်မထိုက်တန်ဘူး။မိတ်ဆွေတို့ဖာသာပဲခံစားကြည့်ရှုလိုက်ပါတော့။
ကျွန်တော့်တုန်းကတော့ “ဝိုင်ပြင်းပြင်းတစ်ခွက်ကို ဇိမ်နဲ့သောက်နေရသလိုမျိုး ” ခံစားမိခဲ့တယ်….သီချင်းသံလေးတွေ အပြုံးလေးတွေကအစ ရင်ထဲသိမ်းထားမိခဲ့တဲ့ သိပ်ကိုကြိုက်တဲ့ဇာတ်ကားလေးဖြစ်ခဲ့ပါတယ်။
ဇာတ်ဆောင်တွေကတော့ မင်းသားကြီး ဘရုစ်ဝီလီ…မင်းသား Ben Affleck တို့ဖြစ်ပါတယ်။မင်းသမီးကတော့ ကျွန်တော့်ကို အံ့သြမင်တက်စေခဲ့တဲ့ အလှကျက်သရေတွေနဲ့ မင်းသမီး Liv Tyler ပါ။ဇာတ်ရံတွေကလဲနာမည်ကြီးတွေပါပဲ။ Rating တွေကိုတော့ မပြောခဲ့တော့ဘူး….ယုတ္တိမရှိရင် နှလုံးသားကိုလဲ နားလည်မခံစားပေးချင်တဲ့ ဒီ Rating ပေးတဲ့ကောင်တွေကို အမြင်ကပ်နေလို့ပါပဲ။
REVIEW CREDIT
-=-=-=-=-=-=-=-=-=
ENCODED BY HAY MAN
SIZE-1.8GB
RESOLUTION-1080P
-=-=-=-=-=-=-=-=-=-=