Better.Nate.Than.Ever(2022)
-----------------------------------
အခုတင်ဆက်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့ ကလေးလေးတွေနဲ့ သီချင်တွေနဲ့ စိတ်ကူးယဉ်အိပ်မက်တွေနဲ့ ချစ်စရာကောင်းအောင်
ရိုက်ကူးပေးထားတဲ့ ချစ်စရာဇာတ်ကားလေးဘဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့
နိတ်က သီချင်းဆိုတာ ဝါသနာပါပြီးတော့ ကျောင်းကပွဲတွေမှာလဲ ဝင်ပါချင်သူဖြစ်ပါတယ်။ ဒါပေမဲ့လဲ သူက လူရွေးပွဲတွေဝင်ဖြေပေမဲ့လဲ
ဘယ်တုန်းကအရွေးမခံရပါဘူး။ အဲ့ဒါကြောင့် စိတ်ဓာတ်ကျနေတဲ့ နိတ်ကို သူ့သူငယ်ချင်းမလေးက နယူးယောခ့်မြို့မှာ ကျင်းပမဲ့
ကပွဲတစ်ခုအတွက် လူရွေးပွဲဝင်ဖြေဖို့ တိုက်တွန်းပါတော့တယ်။ နိတ်ရဲ့မိဘတွေကလဲ နိတ်ရဲ့အရည်အချင်းကို မယုံကြည်ကြတော့
သူ့ကို သွားခွင့်ပြုမှာမဟုတ်ဘူးဆိုတာ သိတော့ နိတ်တစ်ယောက် ခိုးသွားဖို့ကြိုးစားပါတော့တယ်။
နယူးယောခ့်ရောက်တော့ ဘာတွေဆက်ဖြစ်မလဲ။ သူပါဝင်ချင်တဲ့ ဂီတပွဲတော်မှာတော့ ပါဝင်ခွင့်ရပါ့မလား။
ချစ်စရာသီချင်းလေးတွေနဲ့ ချစ်စရာ ကလေးသရုပ်ဆောင်လေးတွေကြောင့် ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမဲ့ဇာတ်ကားလေးပါဘဲ။
စာကြွင်းအနေနဲ့ Friend tv showကို ကြည့်ဖူးတဲ့သူတွေ ရင်းနှီးနေမဲ့ သရုပ်ဆောင်တစ်ဦးပါသေးတယ်နော်။
Translated By Emerald, Zion
Encoded By Zion