မင်းသားကြီး Shar Rukh Khan ကိုယ်တိုင် Producer အနေနဲ့ထုတ်လုပ်ခဲ့ပြီး
Netflix ကနေဖြန့်ချီတဲ့ ဒီ Bhakshak ဇာတ်ကားဟာဆိုရင် India နိုင်ငံအတွင်းက
မိဘမဲ့ဂေဟာတွေမှာမှီတင်းနေထိုင်တဲ့ မိဘမဲ့မိန်းမငယ်လေးများကြုံတွေ့နေရတဲ့
အဖြစ်ပျက်ကိုပွင့်ပွင့်လင်းလင်း ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။
India နိုင်ငံရဲ့ မိဘမဲ့ဂေဟာတွေမှာ မိဘမဲ့မိန်းမငယ်လေးတွေကို လိင်ကျွန်အဖြစ်အသုံးချနေကြတဲ့ အစီရင်ခံစာကို လူမူဝန်ထမ်းဝန်ကြီးဌာနကိုတင်ပြထားပေမယ့်လည်း အရေးယူမှုပြုလုပ်ခြင်းမရှိသလို
Indian နိုင်ငံအစိုးရအနေနဲ့လည်းဒီ အကြောင်းအရာကို လျစ်လျှူရှုရေငုံနှုတ်ပိတ်နေခဲ့ပါတယ်။
ဒီအစီရင်ခံစာကို သတင်းပွဲစားတစ်ယောက်က သတင်းချယ်နယ်လ်တစ်ခုကို
လာရောက်ရောင်းချတဲ့အကြောင်းအရာကနေ ဇာတ်အိမ်ကိုတည်ထားပါတယ်။
နိုင်ငံရေးအခင်းအကျင်းတွေကြားမှာ အမြတ်ထုတ်ခံနေရတဲ့ မိဘမဲ့ဂေဟာကမိန်းမငယ်လေးရဲ့များရဲ့ဘဝကို စာနာနားလည်စေလိုသောအားဖြင့်
ဒီဇာတ်ကားလေးကို ဖန်တီးခဲ့ကြတာလည်းဖြစ်ပါတယ်။
လူသားတစ်ယောက်အနေနဲ့ ကိုယ်ချင်းစာတရားထားတတ်လာအောင်
လူ့ကျင့်ဝတ်ကို လိုက်နာတတ်အောင် မီးမောင်းထိုးပြထားတဲ့ဒီဇာတ်ကားလေးကို
ပရိသတ်တိုအနေနဲ့ ကြည့်ဖြစ်အောင်ကြည့်သင့်ပါကြောင်ညွှန်းဆိုလိုက်ရပါတယ်။
IMDb rating 7.3/10
Rotten Tomatoes 40% /100%
Presented By : mmfilm.org
Translated and Encoded By : Ethan