Black Panthar ရဲ့ ဒုတိယမြောက် ရုပ်ရှင်ဟာ Wakanda Forever အနေနဲ့ ထွက်ရှိလာခဲ့ပါပြီ။ စိတ်မကောင်းစွာပဲ Black Panther ဇာတ်ကောင် ဖြစ်တဲ့ King T’Challa မပါလာနိုင်တော့တဲ့ ဒီကားဟာ
မိခင်ဖြစ်သူ Quern Ramonda နဲ့ ညီမဖြစ်သူ Shuri တိုရဲ့ ဇာတ်အိမ်နဲ့ အသားပေးတင်ဆက်ထားပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ရှားပါးသန်စြင်တဲ့ ဗိုက်ဘရေနီယမ်ကို မြေအောက်ရတနာအနေနဲ့ ရထားတဲ့ ဝါကန်ဒါပြည်ဟာ ဘုရင်ဖြစ်သူ Black Panther ကိုဆုံးရှုးလိုက်ရချိန်မှာ ပြည်ပကျူးကျော်သူတွေရဲ့ မျက်စိကျစရာဖြစ်လာခဲ့ပါတယ်။ သားဖြစ်သူနေရာမှာ သလွန်ကိုဆက်ခံလိုက်ရတဲ့ Queen Ramonda ဟာ ဝါကန်ဒါပြည်ကြီးကို သမီးဖြစ်သူ Shuriနဲ့အတူ တတ်စွမ်းသလောက်ခုခံကာကွယ်ရတာကို ရှုစားရမှာပါ။
ဒီနေရာမှာ ပြောချင်တာက မူရင်းဇာတ်ကောင် Black Panther အဖြစ်သရုပ်ဆောင်သူ မင်းသား Chadwick Bosemen ဟာ ၂၀၂၀ ခုနှစ်မှာ အူမကြီးကင်ဆာနဲ့ကွယ်လွန်သွားခဲ့တာကြောင့် သူ့ဇာတ်ကောင်ဟာ အပြီးမသတ်ဘဲ ကျန်ခဲ့ပါတယ်။ Marvel ဟာ Bosemen ကို ဂုဏ်ပြုသောအားဖြင့် ဒီကားမှာ သူ့ရဲ့ဇာတ်ကောင်ကို Double Digital Effect မသုံးခဲ့သလို လူစားလည်းမထိုးခဲ့ပဲ King T’Challa ရဲ့ ရုတ်တရက်သေဆုံးမှုဖြစ်စဉ်အဖြစ် Black Panther ရဲ့သေဆုံးခြင်းကိုရော မင်းသား Bosemen ရဲ့သေဆုံးခြင်းကိုပါ လွမ်းမောဖွယ်တင်ဆက်သွားခဲ့ပါတယ်။
Bosemen ရဲ့ဇာတ်ကောင်ကို တသသလွမ်းဆွတ်နိုင်လောက်အောင် စကားလုံးတွေ ရိုက်ချက်တွေဟာ ထိမိလွန်းတာကြောင့် မူရင်းဇာတ်ကောင်ကိုရော ပြင်ပကမင်းသားဖြစ်သူရဲ့ကွယ်လွန်ရခြင်းကိုပါ လွမ်းဆွေးဖွယ်ရာခံစားရတဲ့ဇာတ်ကားလေးပါပဲ။ Black Panther ရေရွတ်နေကျ Wakanda Forever ဆိုတဲ့ စကားလုံးကအစ လွမ်းမောဖွယ်ရာကောင်းနေတာကို ခံစားရပါလိမ့်မယ်။
IMDB 7.4 ရရှိထားပြီး Marvel ရဲ့ တင်ဆက်မှုတွေထဲက ထူးခြားတဲ့ဇာတ်ကားလေးတစ်ခုအနေနဲ့ ခံစားကြည့်ရှုနိုင်အောင် တင်ဆက်ပေးလိုက်ရပါတယ်ရှင်
Reviewed by Ariel Translated by MMFilm Encoded by Aye Chan