ဒီတစ်ခေါက် ပရိသတ်တို့နဲ့ မိတ်ဆက်ပေးမယ် ဇာတ်ကားလေးကတော့ Bright Samurai Soul (2021) ဆိုတဲ့ animation လေးတစ်ခုပဲဖြစ်ပါတယ်။ Animation ဆိုတာနဲ့ စိတ်ပျက်မသွားကြပါနဲ့ဦး တကယ်ကိုကြည့်သင့်တဲ့ဇာတ်ကားလေးမို့ ရွေးချာ်ပေးလိုက်ရတာပါ။ ရှည်ရှည်ဝေးဝေးမပြောတော့ပဲ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့…
၁၈၆၈ ခုနစ် ကီအိုအုပ်ချုပ်ရေး လေးနှစ်တာကာလမှာတော့ အီဒို ရဲတိုက်ကနေ ကစု ခိုင်ရှူ နဲ့ ဆေဂိုတာကာမိုရီတို့ကြားအချင်းများခဲ့ကြပါတယ်။ ဆေဂို ဖွဲ့စည်းထားတဲ့ အစိုးရအသစ်စစ်တပ် နဲ့ ယိုရှီနိုဘူ တိုကိုဂါဝါ တို့နဲ့ တိုက်ပွဲတွေဖြစ်ကြပြီးတော့ ပုံပြင်လေးတစ်ပုဒ်ပေါ်ပေါက်လာခဲ့ပါတယ်။
လူတွေ ၊ ဘီလူးတွေ ၊ နတ်သူငယ်တွေ ၊ လူပုတွေ နဲ့ မှင်စာတွေ အားလုံးနေထိုင်ကြတဲ့ ဂျပန်ခေတ်ကြီးတစ်ခုမှာ တိုက်ပွဲတွေက ကြာသထက်ကြာလာပြီးတော့ အဆုံးမသတ်နိုင်ကြတော့ပါဘူး။ အဲ့အချိန်မှာပဲ တောက်ပတဲ့အလင်းရောင်က မှော်တုတ်တံကိုကိုင်ပြီးတော့ စစ်ဘေးကိုအဆုံးသတ်စေခဲ့တယ်။
ကျွန်တော်တို့လောကကြီးက ဘယ်တော့မှ အကောင်းတစ်ခုပဲရှိမနေသလို အဆိုးကြီးပဲလည်းမရှိနေတတ်ပါဘူး။ ဒီတော့ တစ်ဖက်မှာ အမှောင်ထုကြီး ကိုပြန်လည်ကြီးစိုးစေပြီး စစ်ပွဲတွေပြန်ဖြစ်အောင်လုပ်ချင်နေကြတဲ့သူတွေက အဆာရှီယို လို့ခေါ်တဲ့ နေရာလေးကိုအတင်းတွေဝင်ရောက်ဖျက်ဆီးကြပြီး ဆိုညာ လို့ခေါ်တဲ့ နတ်သူငယ်မလေးကို ဖမ်းခေါ်သွားချင်နေကြပါတယ်။ အဲ့အချိန်မှာ ချီဟာရ ဆိုတဲ့ မိန်းကလေးက ဆိုညာကိုကာကွယ်ဖို့ သူ့အသက်ကိုအဆုံးခံကာ ဟာကိုဒဲလ် ဆိုတဲ့ နတ်သူငယ်တွေနေတဲ့နေရာကိုသွားချင်ခဲ့ကြောင်း သေတမ်းစကားပါးသွားခဲ့ပါတယ်။
ဆိုညာလည်း အန္တရာယ်ကြားကလွတ်လာပြီးတဲ့အချိန်မှာ ချီဟာရ ရဲ့အစောင့် အီဇူ နဲ့ လူကောင်းစိတ်ရှိတဲ့ ဘီလူး ရိုင်ဒန်တို့ကို ဌားပြီး ဟာကိုဒဲလ် ကိုခရီးထွက်လာခဲ့ကြပါတော့တယ်။
အမှောင်လောကသားတွေက ဇွဲရှိကြတာမို့လို့ ဆိုညာတို့သုံးယောက် ကို ဘယ်လိုတွေနှောက်ယှက်ကြမယ်ဆိုတာကိုတော့ Bright Samurai Soul ဆိုတဲ့ ဇာတ်ကားလေးကို ကျွန်တော်တို့ mmfilm ကနေ down ပြီးကြည့်ကြဖို့တိုက်တွန်းလိုက်ရပါတယ်။ ( data ဖိုးတွေက တက်တော့မှာဆိုတော့ mmfilm ကနေ ဇာတ်ကားဒေါင်းကြည့်ပြီး click လေးကိုလည်းအားစိုက်ပေးကြပါဦးခင်ဗျာ)
-=-=-=-=-=-==-==
Translated & Review By JImm
Resolution - 1080P, 360P
Size - 1GB, 300MB
-==-=-=-=-=-=-=-=-=