ဘဝဆိုတာ ဘာများလဲ….။
ဘဝမှာ ရှင်သန်ဖို့ အလုပ်လုပ်ကြတာလား
အလုပ်လုပ်ဖို့ ရှင်သန်ကြတာလား….။
ရှင်သန်ဖို့ အလုပ်လုပ်ကြရင်း
ဘဝရဲ့ အဓိပ္ပါယ်က အလုပ်လုပ်ဖို့ ရှင်သန်သလို
ဖြစ်သွားကြသူတွေလည်း ရှိတက်ပါတယ်။
ဒီ ဇာတ်လမ်းလေးရဲ့ အစမှာ
မိုက်ကယ်ဆိုတဲ့ အလုပ်ပဲ အချိန်ပြည့်လုပ်နေတက်တဲ့
ဗိသုကာပညာရှင်တစ်ယောက်ရှိပါတယ်။ မိသားစု
အားလပ်ရက်ကိုပါ ဖျက်ပြီး အလုပ်ပဲ အချိန်ပြည့်
လုပ်နေတက်ပါတယ်။
အဲ့ဒီလို လူရဲ့လက်ထဲ အရာအားလုံးကို
ထိန်းချုပ်ထားနိုင်တဲ့ ရီမု ကွန်ထရိုး တစ်ခု
ရောက်လာခဲ့ပါတယ်။
ဘဝကို ဇာတ်ကား တစ်ခုလို ကျော်ပစ်လို့ရတဲ့အခါ
စိတ်မရှည်တဲ့ အခန်းတွေကို သူ ကျော်ပစ်ခဲ့ပါတယ်။
ဒီလို ကျော်ပစ်ရင်း…မိသားစု အပါအဝ်
အရာအားလုံးနဲ့ သူ ကင်းကွာလာခဲ့ပါတယ်၊
ဘဝဆိုတာ ဖြတ်သန်းဖို့ပါပဲ…
စိတ်ပျက်စရာ ငြီးငွေ့စရာတွေ အများကြီးပါပဲ
ဒီအခါမှာ ချစ်ခြင်းတရားဟာ အရေးပါလာပါပြီ။
ကျွန်တော်တို့ ကိုယ့်ကို ချစ်တဲ့ လူတွေရဲ့ ချစ်ခြင်း
ပျော်ရွှင်မှု..တွေကို ဘယ်လောက်ထိ လျစ်လျှူ ရှု့
ဲပြီး ကြပြီလဲ။
ဖြစ်ချင်တာတွေက အများကြီး
ဖြစ်မလာသေးတာတွေက အများကြီး
ဒါပေမဲ့ ဒါတွေက ဘယ်လောက်များ အရေးပါလဲ။
မျှဝေ ခံစားမဲ့သူ မရှိတဲ့ အောင်မြင်မှုတစ်ခုကရော
ပျော်ရွှင်မှု ဟုတ်ပါ့မလား။ အောင်မြင်မှု ရော
ဟုတ်ပါ့မလား။
ဘဝမှာ ဘယ်အရာမဆို အစွန်းမရောက်ဖို့ လိုပါတယ်။
မိုက်ကယ်လို အလုပ်အရမ်း လုပ်ပြီး
ပတ်ဝန်းကျင်နဲ့ ကိုယ်ချစ်တဲ့ လူတွေကို
ပစ်ပယ်မိကြသူတွေ အများကြီး ရှိနိုင်ပါတယ်။
အဲ့ဒီလို လူမျိုးတွေအတွက်
ဒီကားလေးဟာ သူတို့ရဲ့
စိတ်ပြတင်းပေါက်ကို ပွင့်စေမှာပါ။
ဒီကားလေးဟာ Rating 6.4ပဲ ရှိပေမဲ့
အတော်လေးကောင်းတဲ့ ဇာတ်ကားတစ်ခုပါပဲ။
တစ်ခုခုကိုတော့ ဒီကားလေးကနေ
အသင် ရမှာ သေချာပါတယ်။
REVIEW CREDIT
-=-=-=-=-=-=-=-=-=-=
ENCODED BY HAY MAN
SIZE-1.2GB
RESOLUTION-1080P
-=-=-=-=-=-=-=-=-=-=