Taekang ဆေးရုံရဲ့ အရေးပေါ်စောင့်ရှောက်ရေးဌာနမှာ လူနာများကို
ကျောသားရင်သားမခွဲခြားဘဲ စိတ်ရင်းစေတနာကောင်းစွာနဲ့
အပြည့်အဝစောင့်ရှောက်ပေးနေတဲ့ ခွဲစိတ်ဆရာဝန်လေး Na Yi Je ဟာ
မတော်တဆမှုတစ်ခုကြောင့် စွပ်စွဲခံရပြီးဆရာဝန်လိုင်စင်
ယာယီအသိမ်းခံရပြီး ဆေးရုံမှ မောင်းထုတ်ခံခဲ့ရပါတယ်
သူဟာ တရားမှုကိုအဖြေရှာဖို့ အကျဉ်းထောင်ဆရာဝန်မှုး
တစ်ယောက်အဖြစ်လျှောက်ထားပြီး လက်တုန့်ပြန်ဖို့ကြိုးစားခဲ့တယ်
ထောင်ထဲမှာရှိတဲ့ စီးပွါးရေးလုပ်ငန်းရှင်တွေ ဆေးမှုနဲ့ထောင်ကျတဲ့ဆယ်လီတွေ
လောင်းကစားလုပ်တဲ့အားကစားသမားတွေ အစရှိတဲ့အကျဉ်းသားပေါင်းစုံနဲ့တွေ့ရပြီး
သူ့ကိုမောင်းထုတ်ခဲ့တဲ့ ဆေးရုံကို လက်တုန့်ပြန်ဖို့ ဘယ်လိုတွေအစီအစဉ်ဆွဲမလဲဆိုတာ
စိတ်ဝင်စားဖွယ် ဆိုက်ကိုဆန်ဆန်ရိုက်ကူးထားတဲ့
ဇာတ်ကားကောင်းလေးဖြစ်တာမို့ လက်မလွှတ်ဘဲကြည့်ရှုအားပေးကြပါဦးနော်