NETFLIX ရဲ့ Enola Holmes 2ဟာဆိုရင်တော့ ထွက်ရှိလို့လာခဲ့ပြန်ပါပြီ
ယခုတိုင် နာမည်ကျော်နေဆဲဖြစ်တဲ့ ရှားလော့ဟုမ်းဇာတ်ကောင်စရိုက်ကို ညီမဝမ်းကွဲဖြစ်သူ အန်နိုလာဟုမ်း ဆိုတဲ့ဇာတ်ကောင်နဲ့ ခပ်ပါးပါးရောမွှေထားတာမျိုးပါ
တခါတလေ တွေးမိကြမှာပေါ့..အကယ်၍ ရှားလော့ဟုမ်းလိုလူမျိုး နှစ်ယောက်ရှိခဲ့ရင်..ဒါမှမဟုတ် ရှားလော့ဟုမ်းမှာများ အမွှာရှိခဲ့ရင်ဆိုပြီး…
အခုလည်း ရှားလော့ဟုမ်းလိုမျိုး စုံထောက်ဉာဏ်ရှိတဲ့ ညီမဝမ်းကွဲလေးနဲ့ ရှားလော့ဟုမ်းတိုရဲ့ အမှုလိုက်ပုံတွေ..အန်နိုလာရဲ့ပါးနပ်ပုံ..ထက်မြက်ပုံ အမှုလိုက်ပုံတွေကို ရှုစားကြရမှာပါ
ဘေကာလမ်းက ကျွန်မတိုရဲ့စုံထောက်ကြီး ရှားလော့ဟုမ်းအနေနဲ့ … Super Man မင်းသားကြီး Henry Cavill ကို လိုက်ဖက်စွာရှုစားရပါဦးမယ်
စုံထောက်ကားကြိုက်သူများ အထူးသဖြင့် ရှားလော့ဟုမ်းရဲ့ အငွေ့အသက်တွေကိုနှစ်ခြိုက်သူတွေ ဒီကားကိုခံစားကြည့်သင့်ပါတယ်
လောလောဆယ် IMDB 6.2 Rotten Tomatoes 92% မို စိတ်ဝင်စားစရာ ဇာတ်လမ်းဖြစ်တာလည်း အသေအချာပါပဲနော်
Reviewed by Ariel Translated by MMFilm Encoded by Aye Chan