Fountain of Youth (2025)
ဆက်ဆံရေးပြတ်တောက်နေတဲ့ မောင်နှမနှစ်ဦးဟာ မျိုးရိုးမှတ်တမ်းထဲက လျှို့ဝှက်ချက်တစ်ခုကြောင့် ပြန်လည်ဆုံကြတယ်။ အဲ့ဒီလျှို့ဝှက်ချက်ကတော့ Fountain of Youth ဆိုတဲ့နေရာကို ဦးတည်နေတဲ့ ရှေးဟောင်းပန်းချီကားတစ်ပုဒ်ထဲကအထူးအချက်အလက်ဖြစ်တယ်။ တစ်ယောက်နဲ့တစ်ယောက်ယုံကြည်မှုမရှိတော့တဲ့ ဆက်ဆံရေးနဲ့ တဖြည်းဖြည်းပြန်လည်ရင်းနှီးလာကြတဲ့ သူတို့နှစ်ဦးဟာ Vienna, Cairo, Bangkok စတဲ့မြို့တွေကို ဖြတ်သန်းရင်း ကမ္ဘာကိုပင်ပြောင်းလဲနိုင်မယ့် သက်တမ်းတည်မြဲခြင်းရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေခဲ့ကြတယ်။
သူတို့ရဲ့ခရီးလမ်းဟာ ပုံမှန်အထင်မထားတဲ့ စွန့်စားမှုတွေနဲ့ပြည့်နှက်နေပြီး၊ ရှေးဟောင်းပန်းချီတွေ၊ ဒဏ္ဍာရီဆန်ဆန် ဖြစ်ရပ်များနဲ့ ရင်ဆိုင်ရတယ်။ ချစ်ခြင်းမေတ္တာ၊ ယုံကြည်မှု၊ မဖော်ထုတ်ရသေးတဲ့အမှန်တရားတွေနဲ့အတူ Fountain of Youth ဟာ ရှာဖွေနေတဲ့အရာထက် သင်ယူနားလည်ရတဲ့ အရာများတဲ့ ခရီးတစ်ခုဖြစ်လာတယ်။ Fountain ကိုရစေချင်စိတ်နဲ့ မိသားစုဆက်ဆံရေးပြန်ပြုပြင်ဖို့ကြိုးစားမှုကြားမှာ သူတို့က တကယ်တန်ဖိုးရှိတဲ့အရာကိုရွေးချယ်ဖို့ ဖြစ်လာတဲ့အကြောင်းကိုရိုက်ကူးထားတဲ့စိတ်ဝင်စားစရာဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။
Translated & Reviewed by Pai Soe
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်