Switch Mode

GEMINI (2017)

Movie Sub Released on October 9, 2021 · ? views · Posted by admin · Series Gemini
Expand
Turn Off Light
STREAM SB 1

Download GEMINI (2017), Watch GEMINI (2017), don't forget to click on the like and share button. Series Gemini always updated at MMFILM. Don't forget to watch other series updates.

MOVIE

Gemini

Gemini

Rating 5.4
Status: Completed Released: 30 Mar 2018 Duration: 93 min Country: Type: Movie Director: Casts: , ,
March 12, 2017 မှာ ကနေဦးထွက်ရှိခဲ့တဲ့ အမေရိကားမှာ ထွက်ရှိခဲ့တဲ့ဒီ Gemini ဆိုတဲ့ကားလေးကတော့ Mystery & Thriller ကားအမျိုးအစားလေးဖြစ်ပါတယ်။ ဒီကားရဲ့ ဇာတ်ညွန်းရော ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကတော့ နာမည်ကြီး Director လည်းဖြစ် Film maker လည်းဖြစ်တဲ့ဒါရိုက်တာ Aaron Katz ဖြစ်ပါတယ်။ ဒါရိုက်တာ Aaron Katzဟာနာမည်ကြီးFilm maker တစ်ဦးဖြစ်ပြီးသူတွွဲဖက်ရိုက်ကူးခဲ့တဲ့ 2014 ခုနှစ်က ထွက်ရှိခဲ့တဲ့ Land Ho! ဆိုတဲ့ဇာတ်ကားဟာ ဆုတွေအများကြီးသိမ်းပိုက်ရရှိခဲ့ပါတယ်။ အခု ဒီဇာတ်ကားဟာလည်း Locarno International Film Festival မှာ The Best Direction Award ချီးမြှင့်ခြင်းခံရတဲ့ ကားကောင်းလေးဖြစ်ခဲ့ပါတယ်။ ပြီးတော့ ဒီကားရဲ့ Cinematography ဆိုတဲ့ ရုပ်ရှင်အတတ်ပညာပိုင်းနဲ့ဆိုင်တဲ့ရိုက်ကူးမှုဆိုင်ရာတွေအရကြောင့်ပါ အမေရိကန်မှာအောင်မြင်ကျော်ကြားခဲ့တဲ့ နောက်အကြောင်းအရင်းတခုဖြစ်ပါတယ်။ ဒီကားဟာဘာကြောင့်အောင်မြင်ခဲ့သလဲဆိုတဲ့နောက်တချက်ကတော ့ ဒီကားရဲ့ထဲမှာပါတဲ့သရုပ်ဆောင်မင်းသမီးဖြစ်တဲ့ Lola Kirke နောက်တစ်ဦးကတော့ အမေရိကန်မင်းသမီးလည်းဖြစ် အဆိုတော်ရော မော်ဒယ်ပါဖြစ်တဲ့ Zo Isabella Kravitz တို့ရဲ့သရုပ်ဆောင်စွမ်းရည်ကောင်းတဲ့ မင်းသမီးတွေကြောင့်ပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း ဂျေးဟာ နာမည်ကြီးမင်းသမီးဖြစ်တဲ့ ဟက်သာရဲ့ လက်ထောက်ဖြစ်ပါတယ်။ တနေ့မှာတော့ဂျေးဟာ ဟက်သာကို သူရဲ့နေအိမ်မှာ သေနတ်ပစ်ခံရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတာကိုတွေ့ခဲ့ရတယ်။ သူတို့ရဲ့အမှုကိုစုံစမ်းရတဲ့ စုံထောက်ဖြစ်သူ အန်းကတော့ ဂျေးကိုသံသယရှိနေပါတယ်။ အဲ့နောက်မှာတော့ ဂျေးဟာ သူရဲ့ဘော့စ်လည်းဖြစ် သူငယ်ချင်းလိုလည်းဖြစ်နေတဲ့ ဟက်သာအမှုကို ရှာဖွေဖော်ထုတ်စုံစမ်းပါတော့တယ်။ ဒီကားလေးမှာတော့ မင်းသမီးဟက်သာဟာ တကယ်ပဲသေဆုံးခဲ့တာလား………… ဒါမှမဟုတ် အဲ့ဒီနောက်ကွယ်ကအကြောင်းအရင်းကဘာတွေဖြစ်မလဲဆိုတာကို ပဟေဠိဖြစ်ဖွယ် ခံစားကြည့်ရှုရမယ့်ကားဖြစ်ပါတယ်။ ဒီကားလေးဟာ 2017 ကကနေဦးထွက်ရှိခဲ့ဖြစ်ပြီး ဆုတွေအများကြီးသိမ်းပိုက်နိုင်ခဲ့လို့ 2018 မှာတခါအမေရိကန်ပြန်လည်းဖြန့်ချီထွက်ရှိခဲ့တဲ့ကားဖြစ်လို့ ဘယ်လောက်နာမည်ကြီးခဲ့လဲဆိုတာ ပြောပြစရာတောင်မလိုတော့တဲ့ရုပ်ရှင်ဖြစ်လို့ လက်လွတ်မခံသင့်တဲ့ကားကောင်းလေးတကားဖြစ်ပါတယ် REVIEW CREDIT -=-=-=-=-=-=-=-=-=-= ENCODED BY HAY MAN SIZE-900MB RESOLUTION-1080P -=-=-=-=-=-=-=-=-=-=-=-=