ကောလိပ်မှာအချစ်ဆုံးသူငယ်ချင်းဟောင်းတွေဖြစ်ကြတဲ့ Ryan, Sasha , Lisa နဲ့ Dina တို့တွေဟာကျောင်းပြီးသွားတဲ့အချိန်မှာတော့ တစ်ယောက်တစ်လမ်းဆီခွဲထွက်ပြီး ကိုယ့်ဘဝကိုယ်ရှေ့ဆက်ကြပါတယ်အိမ်ထောင်ကျပြီး ကလေး၂ယောက်အမေဖြစ်သွားတဲ့ လီဆာအောင်မြင်တဲ့စာရေးဆရာမ တစ်ယောက်ဖြစ်လာတဲ့ ရိုင်ယန်အတင်းပြောတဲ့ Blog တစ်ခုလုပ်ရင်း ငွေကြေးအခက်အခဲဖြစ်နေတဲ့ ဆာရှာအရင်ကလိုပဲ ကလေးဆန်နေဆဲဖြစ်တဲ့ ဒီနာ တို့
ရိုင်ယန်ရဲ့အလုပ်ကိစ္စတစ်ခုကြောင့် နယူးအော်လန်ကို အတူတူခရီးထွက်ဖို့ အခွင့်အရေးပေါ်လာခဲ့ပါတယ်
နယူးအော်လန်ကိုရောက်တဲ့အချိန်မှာပဲ ရိုင်ယန်ရဲ့ယောကျာ်းဖြစ်သူ စတီးဝပ် ဖောက်ပြန်နေတာကိုသိခဲ့ကြတယ်သူတို့သူငယ်ချင်းရိုင်ယန်ကို ဘယ်လိုကူညီကြမလဲယောကျာ်းနဲ့ဖောက်ပြန်နေတဲ့ စနိုက်ကြော်မကိုရော ၄ယောက်ပေါင်းပြီး ဘယ်လိုနှိပ်ကွပ်ကြမလဲနယူးအော်လန်မှာ သူငယ်ချင်း၄ယောက်ဘယ်လိုတွေ သောင်းကျန်းကြမယ်ဆိုတာကိုပရိတ်သတ်ကြီး ဆက်ကြည့်ရမှာပါ..စကားလုံးကြမ်းကြမ်းတွေပါလို့ မိသားစုနဲ့အတူကြည့်ဖို့ မသင့်တော်ပါဘူး BFF တွေနဲ့အတူကြည့်ပါ အူတက်အောင်ရယ်ရပါမယ် ?သူငယ်ချင်းတွေကိုချစ်တဲ့သူတွေအတွက်တော့ ဇာတ်ကားကောင်းတစ်ခုပါ ?
Translated by - Nezu
Encoded by - Nezu