Trailerတွေထွက်ကတည်းက အားလုံးစိတ်ဝင်စားစွာ စောင့်မျှော်ခဲ့ရတဲ့ဇာတ်ကားလေးတစ်ကားကိုMMFILMပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးကတော့ အားလုံးရဲ့အချစ်တော် Winnie the Pooh နဲ့သူ့ရဲ့သူငယ်ချင်းလေး Christopher Robin တို့အကြောင်းရိုက်ကူးထားတဲ့Christopher Robin (2018) ပါ။ကာတွန်းဇာတ်ကောင်ကိုရိုက်ထားတာကဘာများအထွေအထူးကောင်းစရာရှိမလဲလို့ မေးချင်မေးပါလိမ့်မယ်။ဒါပေမယ့် ဒီကားလေးက ဇာတ်လမ်းအရရော ဇာတ်ဆောင်အရရောသူပေးချင်တဲ့ Theme အရရော တော်တော်လေးအဓိပ္ပါယ်ရှိပြီးမပျင်းမရိကြည့်လို့ရတဲ့ကားလေးတစ်ကားပါ။Imdb Rating 7.7/10 Rotten Tomatoes 71%တောင်ရရှိထားတာမို့ဒီလိုညွှန်းထားတာပိုရာမကျပါဘူး။ဇာတ်လမ်းအကျဉ်းလေးကိုလဲ အနည်းငယ်လောက်တင်ဆက်ပေးလိုပါသေးတယ်။အားလုံးပဲသိကြတဲ့အတိုင်း Winnie the Poohနဲ့ ခရစ္စတိုဖာရော်ဘင်တို့ဟာအတူသွားအတူကစားရင်းအရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ဒါပေမယ့် လောကရဲ့ထုံးစံအတိုင်း ဆော့ကစားနေရုံနဲ့ပြီးမသွားတဲ့ အတွက်ခရစ္စတိုဖာရော်ဘင်တစ်ယောက် တောထဲကသူ့သူငယ်ချင်းတွေနဲ့ခွဲကာလန်ဒန်မှာကျောင်းသွားတက်ရပါတော့တယ်။အဲဒီလိုနဲ့ အလုပ်တွေအရမ်းကြိုးစားကာမက်ဒီလင်းန်ဆိုတဲ့သမီးလေးတောင်ရရှိနေတဲ့ အရွယ်ရောက်လာပါပြီ။ကလေးဘဝကသူအရမ်းချစ်ရတဲ့သူငယ်ချင်းတွေကိုလဲ မေ့ပစ်လိုက်ပါပြီ။တစ်နေ့မှာတော့ Poohတစ်ယောက်သူ့သူငယ်ချင်းတွေအကုန်လုံးတောထဲမှာပျောက်သွားလို့လိုက်ရှာရင်းခရစ္စတိုဖာရော်ဘင်ဆီကိုဆန်းကြယ်စွာရောက်ရှိလာပါတော့တယ်။Poohကတော့သူအရမ်းချစ်ရတဲ့ ခရစ္စတိုဖာရော်ဘင် နဲ့တွေ့ရပါပြီ။ခရစ္စတိုဖာရော်ဘင်ကရော…ကလေးမဟုတ်တော့တဲ့ လူကြီးတစ်ယောက်ရဲ့တာဝန်ဝတ္တရားတွေအလုပ်တွေနဲ့ဘယ်လိုဆက်စခန်းသွားကြမှာလဲ?စတဲ့မေးခွန်းတွေနဲ့ အဆုံးထိမပျင်းမရိကြည့်ရှူရမှာပါ။ဒီဇာတ်ကားလေးကိုကြည့်ရင်း ငယ်ငယ်ကကြည့်ခဲ့ဖူးတဲ့ ကလေးဘဝအချိန်တွေကိုတစ်ဖန်ပြန်လည်ရှာဖွေလိုက်ရအောင်လား…
REVIEW CREDIT
-=-=-=-=-=-=-=-=-=-=-=
ENCODED BY HAY MAN
SIZE-1.8GB
RESOLUTION-1080P
-=-=-=-=-=-=-=-=-=-=-=