အောက်တိုဘာ 16 ရက်နေ့ 2015 မှာ ထွက်ရှိထားတဲ့ GooseBumps ဆိုတဲ့ဇာတ်ကားလေးနဲ့မိတ်ဆက်ပေး
ချင်ပါတယ်..ဒီဇာတ်ကားကို ဒါရိုက်တာ Rob Letterman က ရိုက်ကူးတင်ဆက်ထားပြီးတော့ IMDb Rate
က 6.6 ပဲဖြစ်ပါတယ်..ဟာသနဲ့ မကောင်းဆိုးဝါး စတဲ့ဇာတ်အိမ်ကို တွဲဖက်ရိုက်ကူးထားပြီး ကြည့်ရှုသူတွေ
အနေနဲ့ သဘောကျမယ့် ဇာတ်ကားမျိုးဖြစ်ပါတယ်..ဇာတ်လမ်းအညွှန်းပြောရမယ်ဆိုရင်နယူးယောက်မြို့ ကနေပြောင်းလာတဲ့ Zach တို့သားအမိဟာ ထူးဆန်းတဲ့ R. L. Stine တို့သားအဖနဲ့ အိမ်နီးချင်းများ ဖြစ်လာကြပြီး Zach က Stine ရဲ့သမီးအချော အမောဖြစ်တဲ့ Hannah ကိုစိတ်ဝင်စားလျက် ရှိပါတယ်။ Stine က သည်းထိတ်ရင်ဖို ဇာတ်လမ်းတွေကို ရေးသားတဲ့ စာရေးဆရာ တစ်ယောက် ဖြစ်ပြီး သူ၏သမီးနှင့် Zach ခင်မင်တာကို မနှစ်သက်ဘဲ Zach ကိုသူ့သမီးနှင့် ဝေးဝေးမှာနေဖို့ ပြောကြားထားပါတယ်။ တစ်နေ့မှာတော့ Zach နှင့် သူ့သူငယ်ချင်းတို့ဟာ Stine ရဲ့အိမ်ကို ခိုးဝင်ပြီး Hannah နှင့်တွေ့ဖို့ကြိုးစားရာက Zach သူငယ်ချင်းက Stine ၏ သော့ခတ်ထားတဲ့ စာအုပ်တစ်အုပ်ကို အမှတ်မထင်ဖွင့်ကြည့်လိုက်မိပါတယ်။ အဲဒီအချိန်မှာပဲ Stine ဖန်တီးထားတဲ့ စာအုပ်ထဲက မကောင်းဆိုးဝါးတွေဟာ အသက်ဝင်ပြီး အပြင်ကိုထွက်လာပါတယ်။ စာအုပ်ထဲက ထွက်လာတဲ့ မကောင်းဆိုးဝါးတွေကြောင့် သူတို့တွေ ဒုက္ခရောက်ရပုံကို သည်းထိတ်ရင်ဖိုနဲ့ ဟာသဆန်ဆန် ရိုက်ကူးထားတဲ့ သရီးဒီဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။..ဆက်လက်ခံစားကြည့်ပါ
review credit
-=-=-=-=-=-=-==-=-=
ENCODED BY HAY MAN
SIZE-1.2GB
RESOLUTION-1080P
-=-=-=-=-=-=-=-=-=-=