ခရစ်စမတ်လဲ နီးပြီဆိုတော့ ငယ်ငယ်တုန်းကကြည့်ဖူးတဲ့ Home alone ဇာတ်ကားကို သတိရကြအုံးမယ်ထင်ပါတယ်။ ကျွန်တော်တို့ငယ်ဘ၀ရဲ့ အမှတ်တရထဲက တစ်ခုဆိုလဲမမှားပါဘူး။
ကလေးတစ်ယောက်ရဲ့ထောင်ချောက်တွေကြားထဲမှာ လူဆိုးကြီးတွေရဲ့ ကျရှုံးခန်းကို ကြည့်ရတာ ကျွန်တော်တို့အတွက်တော့ ရယ်စရာပျော်စရာကောင်းခဲ့ပါတယ်။
အခုတော့ ကျွန်တော်တို့ရဲ့ ငယ်ဘ၀ကိုပြန်သတိရစေမဲ့ 2021မှာ ထွက်ရှိလာတဲ့ HomeAloneဇာတ်ကားအသစ်ကို တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။ ဇာတ်လမ်းကတော့ ထူးထူးခြားခြားပြောင်းလဲသွားတာမရှိပေမဲ့ ပေါ့ပေါ့ပါးပါးနဲ့ ရယ်စရာကောင်းလို့ ရိုးသွားအီသွားမဲ့ဇာတ်ကားမျိုးတော့မဟုတ်ပါဘူး။
ဇာတ်လမ်းလေးကတော့ လူဆိုးကြီးတွေအတွက်အရေးကြီးတဲ့အချက်အလက်ကို ထည့်ထားတဲ့ အရုပ်ကို ကောင်လေးတစ်ယောက်ကမှားယူသွားလို့ လူဆိုးကြီးနှစ်ယောက်က ကောင်လေးရဲ့အိမ်ကို ဝင်ခိုးကြမှာပါ။
ကောင်လေးကလဲ ထောင်ချောက်တွေဆင်ပြီးတော့ လူဆိုးကြီးတွေကို ပြန်သမမှာဆိုတော့ ရယ်စရာလဲကောင်း ခရစ်စမတ်ရဲ့အရသာလေးကိုလဲ ခံစားရမဲ့ဇာတ်ကားကောင်းလေးပေါ့။ အားလုံးလဲ ရင်းနှီးပြီးသားဆိုတော့ အားပေးကြည့်ရှု့ပေးကြပါအုံးခင်ဗျာ။
=-=-=-=-=-=-=-=-=-=-=-==-=-=-=
Translated & Review By MMFILM
Encoded By PULP
Resolution - 1080P , 720P
Size - 1.5GB , 800MB
-=-=-=-=-=-=-=-===-=