ပရိသတ်တွေအတွက် ဒီရက်ပိုင်းကမှ Netflix ကထွက်ရှိထားတဲ့ အသစ်စက်စက် ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ စုံထောက်အက်ရှင် ဇာတ်ကားကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်
ဇာတ်လမ်းအကျဉ်းကတော့
လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က တောင်အာဖရိက အရှေ့အလယ်ပိုင်းက မိန်းခလေးအယောက် 40 လောက်ဟာ လူကုန်ကူးခံခဲ့ရပါတယ်။ တရားခံကို ဖော်ထုတ်နိုင်ခဲ့ပေမယ့် နောက်ကွယ်က အဓိကလက်မည်းကြီးကို မဖော်ထုတ်နိုင်ခဲ့ပါဘူး။
အခုခေတ်အချိန်ရောက်လာတော့ Hawks ဆိုတဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့တစ်ဖွဲ့က လူသတ်မှုတစ်ခုကို စုံစမ်းစစ်ဆေးရပါတယ်။ အဲ့ဒီ လူသတ်မှုရဲ့ နောက်ကွယ်မှာ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က ဖြစ်ရပ်ဆိုးကြီးနဲ့ တဖြေးဖြေးဆက်နွယ် နေမှန်း သိလာတဲ့အခါ..
ပြန်ပေးဆွဲခံရတဲ့ မိန်းခလေးတွေရဲ့ သနားစရာအဖြစ်တွေနဲ့အတူ Hawks အဖွဲ့ အမှန်တရားကို ဘယ်လိုရှာဖွေသွားမလဲ၊ လူသတ်သမားကလည်း သူတို့ထက် ခြေလှမ်းပိုသွက်နေတော့ ဘယ်လိုအမိဖမ်းမလဲ၊ နောက်ကွယ်က ပြန်ပေးဂိုဏ်းခေါင်းဆောင်တွေကိုရော ဘယ်လိုရှာဖွေသွားမလဲဆိုတာကို ကြည့်ရှုခံစားရမှာပါ။
IMDb – 5.1/10
Rotten Tomatoes – 77%
-=-=-=-=-=-=-=-=-=
Translated By Wunna
Encoded By Xenon
Resolution – 1080P , 720P
Size – 1GB , 700MB
-=-=-=-=-=-=-=-=