ဒီကားလေးကတော့ Horror, Mystery, Thriller အမျိုးအစား ရုပ်ရှင်ကားလေးဖြစ်ပြီး IMDb rating 6.8/10အထိရရှိထားပါတယ်။
ဂျော့တို့မိသားစုလေးမှာ သားလေးနှစ်ယောက် သမီးလေးတစ်ယောက်ရှိပါတယ်။ သားအကြီးဆုံးလေးဟာ ညညဆိုရင်ဝိညာဥ်လွှင့်ပြီး လျှောက်သွားတတ်ပါတယ်။ သူက ကလေးဆိုတော့ အိပ်မက်မက်နေတယ်ပဲထင်ပြီး သူ့ဝိညာဥ်က ကိုယ်ခန္ဓာက ထွက်သွားလို့ရမှန်းမသိပါဘူး။ ဒီလိုနဲ့တစ်ရက်မှာ ဝိညာဥ်လွှင့်ရာကနေ ကိုယ်ထဲကိုပြန်မဝင်နိုင်တော့ဘဲ ပရလောကထဲမှာပိတ်မိသွားပါတယ်။ ဒီလိုဖြစ်ရတာကလည်း သူ့ကိုယ်ထဲမှာ သူ့အစားဝင်ပြီးတော့ နေထိုင်လိုတဲ့ မကောင်းဆိုးဝါးဝိညာဥ်တွေရဲ့လက်ချက်ပါ။
ဂျော့တို့မိဘတွေက သူတို့သားလေးကို ကယ်တင်ဖို့ကြိုးစားရင်းနဲ့ နောက်ဆုံးမှာ ဒီလိုဝိညာဥ်တွေနဲ့ဆက်သွယ်နိုင်တဲ့ အဲလစ်ဆိုတဲ့အမျိုးသမီးကြီးနဲ့ တွေ့ဆုံခဲ့ပြီး ကလေးကိုပြန်ခေါ်နိုင်ဖို့ကြိုးစားကြပါတယ်။
ဇာတ်လမ်းလေးက သရဲခြောက်နေကျဇာတ်လမ်းထဲက ကွဲထွက်နေပြီးတော့ ဝိညာဥ်လွှင့်တဲ့ပုံစံကိုရိုက်ကူးထားတာပါ။ ဒါပေမဲ့ ခြောက်လှန့်ခန်းတွေနဲ့ ရင်တုန်စေမယ့်အခန်းတွေလည်း အများကြီးပါဝင်တာတွေ့ရလို့ Horrorပရိတ်သတ်တွေ ကြည့်ဖြစ်အောင်ကြည့်သင့်တဲ့ ကားကောင်းလေးပဲဖြစ်ပါတယ်။
Translated by - Nezu
Encoded by - Nezu