Switch Mode

Into the storm (2014)

Download Into the storm (2014), Watch Into the storm (2014), don't forget to click on the like and share button. Series Into the Storm always updated at MMFILM. Don't forget to watch other series updates.

Into the storm (2014)

movie

Into the Storm

Into the Storm

Rating 5.8
Status: Completed Released: 08 Aug 2014 Duration: 89 min Country: Type: Movie Director: Casts: , ,
အိုကလာဟိုးမားပြည်နယ်မြို့တစ်ခုအတွင်းရှိ အထက်တန်းကျောင်းတစ်ခုရဲ့ စင်မြင့်ထက်မှာ ကျောင်းအုပ်ကြီးက ကျောင်းဆင်းပွဲမိန့်ခွန်း ပြောနေပါတယ်။ မိန့်ခွန်းမဆုံးခင်မှာ မိုးလေးတွေတဖွဲဖွဲရွာလာတဲ့အတွက် ဘွဲ့ဝတ်စုံဆင်မြန်းထားတဲ့ ကလေးတွေ ထီးတွေ အမြန်ဖွင့်လိုက်ကြပါတယ်။ တဖြည်းဖြည်းသည်းလာတဲ့မိုးကြောင့် ကျောင်းအုပ်ကြီးလည်း မိန့်ခွန်းအမြန်လက်စသတ်လိုက်တယ်ဆိုရင်ပဲ ဘွဲ့ဦးထုပ်တွေလေပေါ်ပစ်မြှောက်လိုက်တာနဲ့အတူ မုန်တိုင်း အရေးပေါ်အချက်ပေး ဥသြသံက ဆူညံစွာထွက်ပေါ်လာတယ်။ ဒုကျောင်းအုပ် ဂယ်ရီဖူလ်လာ (Gary Fuller) နဲ့ အုပ်ချုပ်သူတွေက ကလေးတွေကို အဆောက်အအုံထဲ အမြန်ပြေးဝင်ဖို့ အော်ဟစ်နေကြတယ်။ ကျောင်းထဲရောက်တာနဲ့ ကလေးတွေကို နံရံတဖက်တစ်ချက်စီမှာ ဝပ်နေကြဖို့ညွန်ကြားနေတုန်း သစ်ပင်ကြီးတစ်ပင် ကျောင်းမှန်တံခါးကိုခွဲပြီး ဝုန်းဆို ဝင်လာပါတယ်။ ကျောင်းထဲက ပစ္စည်းတွေ စာရွက်တွေလည်း အရှိန်ပြင်းလွန်းတဲ့လေကြောင့် တံခါးဆီလွင့်ကုန်တယ်။ အကာအကွယ်ယူပြီး ဝပ်နေကြဖို့ ဂယ်ရီ အတင်းအော်ပြီးသတိပေးပေမယ့် နောက်ကျသွားခဲ့ပြီး ကျောင်းရဲ့ခေါင်းမိုးတွေပြိုကျကာ ကျောင်းသားတွေလည်းလေပြင်းနဲ့အတူ တံခါးဝဆီတရွတ်တိုက်ပါသွားကြသည်။မုန်တိုင်းစဲသွားလို့ ဂယ်ရီ ကျောင်းအပြင်ကိုထွက်ကြည့်လိုက်တဲ့အခါမှာတော့ ပတ်ဝန်းကျင်တစ်ခုလုံး ကမ္ဘာပျက်သည့်အလား အပျက်အဆီးများဖြင့်သာပြည့်နှက်နေတာကို တွေ့လိုက်ရသည်။တချိန်ထဲမှာပဲ မုန်တိုင်းမှတ်တမ်းတင်တဲ့အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ ပိ(ထ်) (Pete) နဲ့ အယ်(လ)ဆင် (Allison) တို့ခေါင်းဆောင်တဲ့အဖွဲ့ကလည်း မိုးလေဝသ သတင်းတွေကတဆင့်ခြေရာခံကာ တော်နေးတိုး (tornado) မုန်တိုင်းတိုက်ခတ်မယ်လို့ ခန့်မှန်းရတဲ့ အဲ့ဒီမြို့ကိုရောက်နေကြပါတယ်။ သူတို့အဖွဲ့နဲ့အတူ အပြင်းဆုံးမုန်တိုင်းတစ်ခုအတွင်းမှာတောင် မုန်တိုင်းမျက်စိကို အမိအရမှတ်တမ်းတင်ဖို့ သေချာတည်ဆောက်ထားတဲ့ တိုက်တပ်(စ်) (Titus) လို့ခေါ်တဲ့ သံချပ်ကာယဉ်တစ်စီးလဲပါလာပါတယ်။ မုန်တိုင်းရှိရမယ်လို့ သေချာတဲ့တွက်ကိန်းနဲ့ရောက်နေကြတဲ့ ပိ(ထ်)နဲ့အဖွဲ့က ကွန်ပျူတာမှာ လေပြင်း မုန်တိုင်းအချက်ပြနေရာကနေ မိုးကြိုးမုန်တိုင်းငယ်အဖြစ် ပြောင်းသွားတဲ့အတွက် စိတ်ညစ်နေရာ သူတို့တည်းခိုရာ ဟိုတယ်ခေါင်မိုးပေါ်ကို လက်သီးဆုပ်ခန့်ရှိတဲ့မိုးသီးတွေ ကြွေကျလာပါတော့တယ်။ အဲ့ဒီနောက်မှာတော့ သူတို့စောင့်စားနေတဲ့ တော်နေဒိုး မုန်တိုင်းကိုလည်းမျက်ဝါးထင်ထင်တွေ့မြင်ရပါတော့တယ်။ တိုက်တပ်(စ်)ကို သေချာခြေကုတ်ယူကာ မုန်တိုင်းဗဟိုကိုမှတ်တမ်းတင်ဖို့ စောင့်ဆိုင်းနေပေမယ့် မုန်တိုင်းက လမ်းကြောင်းသွေဖယ်ကာ မြို့ရဲ့ အထက်တန်းကျောင်းတည်ရှိရာကို ဦးတည်သွားပါတော့တယ်။မုန်တိုင်းကြီးတိုက်ခတ်နေစဉ်အတွင်း သူတို့အတွက် ပုန်းခိုရာ နေရာရှာတွေ့ပါ့မလား။မြို့သူမြို့သားတွေအပါအဝင် ဂယ်ရီ တို့သားအဖသုံးယောက်နဲ့ အယ်(လ)ဆင်တို့အားလုံး အသက်ရှင်နိုင်ပါ့မလား။ မုန်တိုင်းဗဟိုကို မှတ်တမ်းတင်ရိုက်ကူးဖို့ တိုက်တပ်(စ်)ကို ၁၀နှစ်ကျော်ကြာအောင် တည်ဆောက်ရင်း စောင့်နေခဲ့ရတဲ့ ပိ(ထ်)ကရော သူ့ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ပါ့မလား စတဲ့ စတဲ့ ဇာတ်သိမ်းခန်းကိုတော့ စာဖတ်သူကိုယ်တိုင် ခံစားကြည့်ရှုနိုင်ဖို့ ချန်ထားလိုက်ပါတယ်။ review credit -=-=-=-=-=-=-=-=-=-= ENCODED BY HAY MAN SIZE-1GB RESOLUTION-1080P -=-=-=-=-=-=-=-=-=-=