Switch Mode

Kick Ass (2010)

Download Kick Ass (2010), Watch Kick Ass (2010), don't forget to click on the like and share button. Series Kick-Ass always updated at MMFILM. Don't forget to watch other series updates.

Kick Ass (2010)

movie

Kick-Ass

Kick-Ass

Rating 7.6
Status: Completed Released: 16 Apr 2010 Duration: 117 min Country: , , Type: Movie Director: Casts: , ,
ကျွန်တော် အမြဲလိုလို မေးခဲ့တဲ့ မေးခွန်းတစ်ခုကို သူမေးခဲ့တယ်။ Superheroes ရုပ်ရှင်ကားတွေ စာအုပ်တွေ လူတွေရဲ့ပါးစပ်ဖျားတွေမှာ အမြဲလိုလို ပါတတ်ပေမဲ့ တစ်ကယ့်လက်တွေ့ဘဝတွင်တော့ ဘာလို့မရှိရတာလဲ။
လူတစ်ယောက်ဟာ ဦးဆောင်ပြီးဘာလို့စ မလုပ်တာလဲ။ ဦးဆောင်သူတစ်ယောက်ကို လူသားတွေဟာ စောင့်နေကြတာလား။ ဒါမှမဟုတ် စိတ်ကူးတွေထဲမှာပဲ Batman တို့ Iron Man တို့ကို အားကျပြီး လက်တွေ့ဘဝမှာကြတော့ မိမိရ ဲ့ရိုးရှင်းလှတဲ့ ဘဝမှာပဲ နေ့စဉ်ဘဝကို ဖြတ်သန်းချင်ကြတာလား။ Kick Ass ကတော့ လူသားတွေ Superheroes ဇာတ်ကားတွေ အားပေးကြည့်ရှုကြပြီး တစ်ကယ့်အပြင် လက်တွေ့ဘဝမှာတော့ ဘာကြောင့် တစ်ယောက် တစ်လေမှ ဝတ်စုံဝတ် မျက်နှာဖုံးလေးတပ် ကျရာ လက်နက်လေးတစ်ခု ဆွဲကိုင်ပြီး လောကကြီးကို မထွက်လာကြတာလည်း ဆိုတာကို မေးခွန်းထုတ်လာခဲ့ပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့တွေ Superheroes ရုပ်ရှင်တွေ ကြည့်ကြတယ်။ ဆွေးနွေးကြတယ်။ ရင်ခုန်ကြတယ်။ နှစ်သက်ကြတယ်။ ဒါပေမဲ့ လက်တွေ့ဘဝမှာ ဘယ်သူ့မှ ထိုကဲ့သို့သော လုပ်ရပ်မျိုးတွေ မလုပ်ကိုင်ကြဘူးလေ။ အဲ့ဒီ့မှာ စပြီးတော့ Kick Ass ရဲ့စိတ်ဓာတ်ကို စကြိုက်တော့တာပဲ။ -ဒါတွေကို သူမေးခဲ့ပြီး သူကိုယ်တိုင် လုပ်ရပ်တွေနဲ့ပြန်ဖြေခဲ့တယ်။ သူဟာလည်း သာမာန်လူငယ်တစ်ယောက်ပါပဲ။ Spiderman လို ပင့်ကူအကိုက်ခံရလို့တော့ မဟုတ်ဘူး။ ဒါပေမဲ့ လူ့လောကရဲ့မတရားခြင်းတွေရဲ့အကိုက်ခံရလို့ပဲ။ ကြီးနိုင်ငယ်ညှင်းတွေ နေရာတိုင်းမှာ ရှိတယ်။ မြို့ထဲက လမ်းကြားတွေမှာ ဒုစရိုက်သမားတွေဟာ ရိုးအတဲ့ လူတစ်ချို့ဆီက ပိုက်ဆံတွေ မတရားတောင်းမယ်။ သတ်ဖြတ်ခြင်းတွေ ရှိမယ်။ အမျိုးသမီးငယ်တွေကို လှောင်ပြောင်ခြင်းမှသည် ကိုယ်ထိလက်ရောက်စော်ကားခြင်းတွေ ရှိမယ်။ ဒါတွေကို ရဲတွေဆိုတဲ့ ပြည်သူ့လုပ်သားတွေဟာ အကုန်လုံးကို မသုတ်သင်နိုင်ကြဘူး။ တစ်ချို့ကို လျစ်လျှူရှုထားတတ်ကြတယ်။ ဒါဆို ထိုအားနည်းတဲ့သူတွေကို ဘယ်သူတွေက ကယ်တင်မှာလဲ။ ဒါဟာ တစ်ကယ်ကို အရေးကြီးတဲ့ မေးခွန်းတစ်ခုနော်။ စာဖတ်သူကိုယ်တိုင်လည်း ပြန်ဖြေကြည့်။ စာဖတ်သူဟာ ထို မတရားမှုတွေကို တိုက်ခိုက်တဲ့ သူတစ်ယောက် မဖြစ်ချင်ဘူး။ ဖြစ်ချင်တာပေါ့။ ဟုတ်တယ်မဟုတ်လား။ ထို့ကဲ့သို့ပဲ Kick Ass ဆိုတဲ့ လူတစ်ယောက် မြို့ထဲကို မသိမသာ ရောက်ရှိလာတော့တယ်။ ဝတ်စုံကို online ကဝယ်တယ်။ လက်နတ်ဆိုတော့ တုတ်လေး 2 ချောင်းကို ကျောမှာ သယ်ပြီး ညဘက်ဆို လမ်းမတွေပေါ်မှာ လျှောက်သွားပြီး ကူညီရမဲ့ သူတွေကို တွေ့လျှင် ကြောင်ကို လိုက်ရှာပေးရတာက အစ လုပ်ပေးတဲ့ သူမျိုး။ မတရားမှုတွေနဲ့ပြည့်ကျပ်နေတဲ့ လောကကြီးကို မိမိတတ်စွမ်းသလောက် ကယ်တင် ကူညီချင်တဲ့ စိတ်ပေါ့။ မတရားမှုတွေနဲ့ပြည့်ကျပ်နေတဲ့ လောကကြီးကို မိမိတတ်စွမ်းသလောက် ကယ်တင် ကူညီချင်တဲ့ စိတ် လူပုံစံကကြည့်တော့ ငပိန်ငကြောက်လေး ဘာစွမ်းအားမှမရှိတဲ့ hero ဖြစ်နေပေမယ့် လက်မရွံလူသတ်သမားတွေကို သူ့ဝတ်စုံလေးဝတ်လိုက်တာနဲ့ မနိုင်မှန်းသိနေတာတောင်အသေခံချတဲ့ လူစားမျိုး ဒဏ်ရာတွေကြောင့် ဆေးရုံမှာအကြာကြီးသတိလစ် ဒဏ်ရာတွေသေလောက်အောင် အမြဲရနေလည်း သူ့ဝတ်စုံလေးဝတ်လိုက်တာနဲ့ အားတွေပြန်ပြည့်လာတာမျိုး Super hero တစ်ယောက်ဖြစ်ဖို့ ပင့်ကူကိုက်စရာ လက်နက်ပစ္စည်းအထောက်အပံ့တွေယူစရာ စွမ်းအားတွေရှိစရာမလိုပါဘူး…. (ဝတ်စုံလေးတစ်ခုရယ် လက်နက်တစ်ခုရယ်နဲ့ ကူညီချင်တဲ့စိတ်တစ်ခုရယ်ပဲလိုအပ်ပါတယ် … ထိုသူကတော့ Kick Ass ) REVIEW CREDIT  -=-=-=-=-=-=-=-=-=-=-=-= ENCODED BY HAY MAN SIZE-1.1GB RESOLUTION-1080P -=-=-=-=-=-=-=-=-=-=-=-=