ဗန်ပိုင်းယားတွေက ဗန်ပိုင်းယားအချင်းချင်းသတ်မိတာ လူသားကိုသတ်မိတာဖြစ်ရင် ဆယ်နှစ်အတွင်း တဖြည်းဖြည်းပျောက်ကွယ်သွားရပါတယ်တဲ့
ဒီကားလေးအစမှာတော့ ပျောက်ကွယ်ဖိုဆယ်နှစ်ပြည့်ခါနီး သေရတော့မဲ့ ဗန်ပိုင်းယားကနေ ဇာတ်လမ်းလေးကိုစထားပါတယ်။
သေခါနီးဗန်ပိုင်းယားအတွက်နောက်ဆုံးမျှော်လင့်ချက်တစ်ခုကတော့ သန့်စင်တဲ့လူသားရဲ့သွေးကို သောက်မှသာ လူသားအဖြစ်ဆက်ပြီးအသက်ရှင်နိုင်မှာဖြစ်ပါတယ်။ ဆယ်နှစ်လုံး ရှာနေခဲ့ရတဲ့ သန့်စင်တဲ့လူသားကိုမတွေ့ရင်းက ရုတ်တရက်ကံကြမ္မာကြောင့်ဆုံစည်းလာတဲ့ သန့်စင်တဲ့လူသားတစ်ယောက်ကိုတွေ့လိုက်ရတဲ့အခါ...
ဗန်ပိုင်းယားရဲ့ လူသားအဖြစ်အသက်ရှင်ချင်စိတ်ကြောင့် သန့်စင်တဲ့လူသားဆီကိုချဥ်းကပ်သွားပြီး သွေးစုပ်ဖိုဆုံးဖြတ်ထားပေမဲ့ တကယ်တမ်း ထင်ထားတဲ့အတိုင်းဖြစ်နိုင်ပါ့မလား?
ဦးနှောက်ကဆုံးဖြတ်သလိုမဖြစ်နိုင်တဲ့ နှလုံးသားရဲ့ ရွေးချယ်မှုကကော ဘာဖြစ်လာမလဲ
ဗန်ပိုင်းယားနဲ့ သန့်စင်တဲ့လူသားကောင်လေးတိုရဲ့ အဆုံးသတ်ကကောဘယ်လိုဖြစ်မလဲဆိုတာစိတ်ဝင်တစားကြည့်ရမဲ့ BL ကားလေးဖြစ်ပါတယ်။
ဒီကားလေးထဲမှာ လူတိုင်းရင်ခုန်အောင်လုပ်နိုင်တဲ့ ဗန်ပိုင်းယားအဖြစ် မကြာသေးခင်က 5 th generation kpop မျိုးဆက်အဖြစ်မိတ်ဆက်ထားခံရတဲ့ Zerobaseone ရဲ့ အကြီးဆုံး အဖွဲဝင် Kim ji woongကပါဝင်သရုပ်ဆောင်ထားတာမလို ji woong ရဲ့ သရုပ်ဆောင်စွမ်းရည်ကိုလည်း အခုပဲကြည့်လိုက်တော့နော်
Translated & Reviewed by Rhea
Encoded by Aye Chan