Love Like the Falling Petals(2022)
==============================
အချစ်ဆိုတာ ဘယ်နေရာမှာ တွေ့နိုင်မလဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။ လှေကားကအဆင်းတိုက်မိရင်းနဲ့လဲတွေ့နိုင်သလို
ဆံပင်ညှပ်ဆိုင်မှာ ဆံပင်ညှပ်ရင်း နားရွက်ကို ညှပ်လိုက်မိတဲ့ ဆံသဆရာမလေးကလဲ သင့်ရဲ့အချစ်ဖြစ်နေနိုင်ပါတယ်။
ဒီဇာတ်ကားလေးမှာတော့ ဆံသဆရာမလေးကို ချစ်မိသွားပြီပေါ့ဗျာ။ အခုတင်ဆက်ပေးလိုက်တဲ့ဇာတ်ကားလေးက မနေ့ကမှထွက်ထားတာဖြစ်တဲ့
ဂျပန် romanceဇာတ်ကားလေးဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့
ဆံပင်ညှပ်ဆိုင်မှာ နားရွက်ညှပ်မိတာကနေစပြီး ကောင်လေးနဲ့ကောင်မလေး စတင်သိကျွမ်းလာပါတော့တယ်။
အနေနီးလာ ခင်မင်လာတဲ့အခါ ချစ်မိလာကြပါတယ်။ ဒါပေမဲ့လဲ အချစ်ဆိုတာ အမြဲတမ်း ပျားရည်ဆမ်းထားတဲ့လမ်းမဟုတ်ဘူးလေ။
တစ်ချိန်ချိန်မှာ ဓားသွားကိုနင်းမိနိုင်တာဘဲ။ သူတို့ချစ်သူနှစ်ယောက်ကလဲ ဓားသွားတွေ နင်းဖြတ်လိုက် ပျားရည်ဆမ်းတဲ့လမ်းလေး လျှောက်လိုက်နဲ့
နောက်ဆုံးမှာ သူတို့ နှစ်ယောက် ပေါင်းသင်းနိုင်ပါ့မလားဆိုတာ အားလုံးဘဲ ကြည့်ရှု့ခံစားပေးကြပါအုံးခင်ဗျာ။
Translated and Encoded by mmfilm Team