အိပ်မက်ကိုတော့ လူတိုင်းမက်ဖူးကြမှာပါ ဒါပေမဲ့ ကိုယ်မက်ခဲ့တဲ့အိပ်မက်ထဲကို
ပြန်သွားနိုင်တဲ့အဖြစ်အပျက်မျိုးကတော့ ရှားမယ်ထင်တယ်နော်
အခု ဒီဇာတ်လမ်းလေးမှာတော့ သားအဖနှစ်ယောက် ပန်းခြံကိုအတူသွားလည်ရင်း
သားဖြစ်သူ ပြန်ပေးဆွဲခံလိုက်ရပါတယ်။သဲလွန်စလည်းရှာမရပဲ ၃ နှစ်လုံးလုံး လိုက်ရှာနေတဲ့
ဖခင်ဖြစ်သူက Lucid Dream ဆိုတဲ့ နည်းပညာတစ်ခုကိုရှာတွေ့ခဲ့ပါတယ်။
အိပ်မက်ထဲကတစ်ဆင့် တရားခံကိုဖော်ထုတ်နိုင်ဖို့ကြိုးစားခဲ့တယ်
အဲဒီလိုနဲ့ ပြန်ပေးသမားကိုခြေရာခံမိပြီး တခြားသူရဲ့အိပ်မက်ထဲအထိ
ဝင်ရောက်ကာ သားဖြစ်သူကိုလိုက်ရှာခဲ့ပါတယ်။
အဲဒီလိုနည်းနဲ့အိပ်မက်ထဲရောက်နေတဲ့အချိန် ပြန်လည်နိုးထမလာနိုင်တော့ဘူးဆိုရင်
အိပ်မက်ထဲမှာ တစ်သက်လုံးပိတ်မိနေမယ့်အဖြစ်က တော်တော်ကိုခြောက်ခြားစရာ
တုန်လှုပ်စရာကောင်းလှပါတယ်။ ဒါကိုသိရက်နဲ့ စွန့်စားခဲ့တဲ့ ဖခင်ဖြစ်သူကိုယ်တိုင်ကရော
အိပ်မက်ကမ္ဘာထဲကနေ ရုန်းထွက်နိုင်ပါ့မလားဆိုတာ . . .
သရုပ်ဆောင်ကောင်းတဲ့မင်းသား Ko Soo နဲ့
အိပ်မက်ကို hacking လုပ်နိုင်သူအဖြစ် Rooftop Prince မင်းသား Park Yoo-Chun တို့က
အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။
သားသမီးအတွက်ဆို ဘာမဆိုစွန့်စားနိုင်တဲ့မိဘတွေရဲ့စိတ်ကိုဖော်ညွှန်းပေးထားပြီး
ကြည့်ရတဲ့ပရိသတ်ကြီးအတွက် Message အသစ်တစ်မျိုးထပ်ပေးနိုင်မှာ သေချာပါတယ်လို့
Translated by – Nezu
Encoded by – Nezu