ဒီတစ်ခါတင်ဆက်ပေးမယ့်ဇာတ်ကားကတော့ မင်းသားကြီးနီကိုလက်စ်ရဲ့ IMDb 6.5 ရရှိထားတဲ့ Action, Horror ဇာတ်ကားပဲဖြစ်ပါတယ်
ဇာတ်လမ်းကတော့ ရိုးရှင်းလှပါတယ် ။ ဘယ်လိုတောင်ရိုးရှင်းလဲဆိုတော့ သူ့မိန်းမကိုသတ်သွားတဲ့သူတွေကို သူကပြန်လိုက်သတ်တဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။
ဒါမဲ့ ဇာတ်လမ်းကရိုးပေမယ့် ဇာတ်ကားရိုက်ကူးပုံကတော့ ပုံမှန်တွေ့ဖူးနေကြဇာတ်ကားမျိုးမဟုတ်ပဲ တမူဆန်းပြားနေတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။
အထူးသဖြင့်ကာလာတွေပါပဲ…..ဒါမဲ့ဇာတ်လမ်းကသူကလိုက်သတ်တယ်ဆိုပေမယ့် “ရော့..အင့်”ဆိုသတ်တာမျိုးမဟုတ်ပဲ ဘယ်လိုမျိုးသတ်မလဲဆိုတာရယ်
နောက်ပြီး သူ့မိန်းမကရောဘာကြောင့်အသတ်ခံရတာလဲဆိုတာရယ်ကိုကြည့်ရှူရမှာပဲဖြစ်ပါတယ်
ဒီကားထဲမှာတော့ ဘာသာရေးအစွန်းရောက်မှုတွေရယ် သွေးသံရဲရဲအခန်းတွေရယ်ကိုမြင်တွေ့ရမှာဖြစ်လို့ ကလေးငယ်တွေအနေနဲ့တော့ကြည့်ရှူဖို့မသင့်တော်ပါဘူး…
Translated by Zue
Encoded by Aye Chan