ဒီတစ်ခါတော့ စစ်တပ်ထဲကအကျင့်ပျက်မှုတွေကိုဖော်ထုတ်ပြီးရိုက်ကူးထားတဲ့ Drama , Actionဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်
ဒီကားထဲမှာတော့ ဒိုဘယ်မန်အဖြစ် Ahn Bo Hyun နဲ့အတူ မြေခွေးကားထဲမှာ အကုန်လုံးရဲ့အသဲကိုအပိုင်သိမ်းသွားတဲ့ မင်းသမီး Jo Bo Ah တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကျဥ်းလေးကိုပြောရမယ်ဆိုရင်တော့
ဒိုဘယ်မန်ဟာဆိုရင် စစ်ဘက်ဆိုင်ရာရှေ့နေတစ်ယောက်ဖြစ်ပြီး ချမ်းသာကြွယ်ဝမှုကိုပဲရှာဖွေတဲ့ လာဘ်စားတဲ့ရှေ့နေတစ်ယောက်ဖြစ်ပါတယ်။ သူဟာငယ်စဥ်ကတည်းက မိဘတွေဟာကားမတော်တဆမှုကြောင့် အဒေါ်ဖြစ်သူနဲ့နေခဲ့ရပါတယ်။
ချားအူအင်ကတော့ ချမ်းသာတဲ့မိသားစုကနေပေါက်ဖွားလာပြီး သူမရဲ့အဖေသေဆုံးသွားတဲ့အခါမှာတော့ သူမအဖေအတွက်ကလဲ့စားကိုပြန်ချေဖို့အတွက် စစ်ဘက်ဆိုင်ရာရှေ့နေတစ်ယောက်ဖြစ်လာပါတော့တယ်။
ဒီလိုနဲ့ ဒိုဘယ်မန်နဲ့ချားအူအင်တို့နှစ်ယောက်တွေ့ဆုံသွားပြီးနောက် တပ်တွင်းအကျင့်ပျက်မှုတွေကိုဖော်ထုတ်ဖို့အကြောင်းဖန်လာပါတော့တယ်...
နောက်ပြီး ဒိုဘယ်မန်ရဲ့မိဘတွေကရော သွေးရိုးသားရိုးနဲ့ပဲသေဆုံးသွားခဲ့တာလား ဒါမှမဟုတ် ဘယ်လိုတွေစပ်ဆက်နေမလဲဆိုတာကိုတော့ ကြည့်ရှုပေးကြပါဦးနော်...
Translated by MMFilm Team
Encoded by Aye Chan