ဓားပြအုပ်စုတစ်စုက ပေါင်းစည်းထားတဲ့ ကိုရီးယားတပ်ကိုကျော်တက်ဖို့အတွက် အစီအစဥ်တစ်ခုချပြီးဘဏ်ဖောက်ဖို့ကြံကြတယ် ဓားစာခံတွေကိုလည်းအထဲမှာဖမ်းဆီးထားပြီး ရဲတွေကသူတို့ကို ဖမ်းဆီးဖို့ကြိုးစားကြတယ် ဒါ့အပြင် အားလုံးရဲ့နောက်မှာရှိတဲ့ကြိုးကိုင်သူကလည်းရှိနေပြီး ဒီအခြေအနေကို သူတို့ဓားပြအုပ်စုဘယ်လိုကျော်ဖြတ်သွားကြမလဲ
ဒီကားရဲ့အစမှာ ပရော်ဖက်ဆာက အဖွဲ့ဝင်တွေကိုစုဆောင်းပြီးတော့ ဘဏ်ကိုဖောက်ပြီး ဒေါ်လာ၄ထရီလီယံနဲ့အတူထွက်ပြေးဖို့ကြံတယ် သူတို့က ကိုရီးယားတပ်ဖွဲ့ကြားမှာညပ်ပြီးတော့ အချင်းချင်း ပေးထားတဲ့ကတိကိုဖောက်ဖျက်ပြီး ပိုချမ်းသာလာချင်ကြကြောင့် ဘယ်လိုသစ္စာဖောက်ကြမှာလဲလဲ ပိုချမ်းသာတဲ့သူအချင်းချင်းလည်း သူ့ထက်ငါအပြိုင်အဆိုင်ဖြစ်လာကြပြီး ဘယ်လိုရာဇဝတ်မှုတွေကိုကျူးလွန်ကြမလဲ သူတို့ကစတင်လိုက်တဲ့ ဓါးပြတိုက်မှုက တိုင်းပြည်ကို နှစ်ခြမ်းခွဲသွားမလား ဒါမှမဟုတ် ချမ်းသာတဲ့သူနဲ့ ဆင်းရဲသူကြား မမျှတတဲ့ ကွာဟမှုကို ဆန့်ကျင်ပြီး စည်းလုံးညီညွတ်စေမှာလား သူတို့ရဲ့ဓားပြမှုကကောရာဇဝင်တင်တဲ့ဓားပြမှုတစ်ခုအဖြစ်ကျန်ခဲ့မှာလားဆိုတာ…
ဒီဇာတ်လမ်းလေးကတော့ စပိန်ဇာတ်အိမ်ကိုအခြေခံထားပြီး ကိုရီးယားဗားရှင်းနဲ့ပြန်လည်ရိုက်ကူးထားတဲ့ကားလေးပဲဖြစ်ပါတယ် Original series မှာလည်း တစ်ခဲနက်အားပေးထားကြတာမလို့ ကိုရီးယား ဗားရှင်းမှာကော ဘယ်လိုဇာတ်ကွက်တွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမလဲဆိုတာကိုတော့ ကြည့်ရှူပေးကြပါဦး
Translated by MMFilm Team
Encoded by Aye Chan