ဒီတစ်ခါတော့ Comedy , Drama ဇာတ်ကားလေးတွေကြိုက်နှစ်သက်တဲ့ပရိသတ်ကြီးအဖို့ IMDb 5.3ရရှိထားတဲ့ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်
Tom Brandဆိုတဲ့သူဌေးကြီးဟာသူ့မြို့မှာအထပ်မြင့်ဆုံးအဆောက်အအုံကိုဆောက်လုပ်ပြီး မှတ်တမ်းတင်နိုင်ဖို့ကြိုးစားနေတဲ့သူဖြစ်ပါတယ်
အလုပ်မှအလုပ်ဆိုတဲ့လူပဲဖြစ်ပါတယ် ၊ အလုပ်ပဲအာရုံစိုက်နေတော့ဘာဆိုဘာမှသတိမရသလိုမိသားစုကိုလည်းအချိန်မပေးနိုင်ပါဘူး
ဒီလိုနဲ့သူဌေးကြီးရဲ့ဒုတိယအိမ်ထောင်နဲ့ရရှိထားတဲ့သမီးလေးတစ်ယောက်ရှိပါတယ် ၊ အဲ့ကလေးမလေးကအမြဲလိုလိုတစ်ယောက်ထဲပဲနေရတော့
ကြောင်လေးတစ်ကောင်မွေးချင်တယ်ဆိုပြီးပူဆာပါတော့တယ်
ကြောင်ကိုမချစ်တတ်တဲ့သူဌေးကြီးအဖို့မှာလည်း သမီးကပူဆာတော့ မကြိုက်လည်းဝယ်ပေးလိုက်ပါတယ်
ကံဆိုးချင်တော့ ကြောင်လေးဝယ်လိုက်တဲ့နေ့မှာတင်ပဲ သူဌေးTomတစ်ယောက်သူဆောက်လုပ်နေဆဲဖြစ်တဲ့အထပ်မြင့်အဆောက်အဆုံပေါ်ကနေပြုတ်ကျပြီး
ဆေးရုံရောက်ကာမျှောနေပါတော့တယ် ၊ သတိပြန်ဝင်တဲ့အခါမှာတော့ သူကလူခန္ဓာကိုယ်မှာမဟုတ်ပဲ သူ့သူမီးကိုဝယ်ပေးထားတဲ့ကြောင်ခန္ဓာကိုယ်ထဲကိုရောက်ရှိနေပါတော့တယ်
အဲ့နောက်တော့ဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာကိုတော့....
Translated by Kii
Encoded by Aye Chan