No Sudden Moveဇာတ်ကားကတော့ နာမည်ကြီး မင်းသားနှစ်ယောက်ဖြစ်တဲ့Don Cheadleနဲ့Benicio del Toroတို့ပါ၀င်သရုပ်ဆောင်ထားတဲ့Crime/Drama ဇာတ်ကားတစ်ကားဖြစ်တယ်1954လောက်မှာDetroitပြည်နယ်မှာအမေရိကန်မှာ နာမည်ကြီးကားကုမ္ပဏီလေးခုက လျို့၀ှက်ပရောဂျက်တစ်ခုကို ပူပေါင်းလုပ်ဆောင်ခဲ့တယ်။သူတို့ လုပ်နေတဲ့ပရောဂျက်ကနေ ငွေညစ်ဖို့ လူမိုက်ဂိုဏ်းတစ်ချို့က အကြံရသွားပြီးတော့အလုပ်လုပ်တာတော်တဲ့Curtနဲ့Ronaldကို ပရောဂျက်နဲ့သတ်ဆိုင်တဲ့ စာရွက်စာတမ်းတစ်ခုကိုသွားယူပေးဖို့ ဌားခဲ့တယ်။
Curtနဲ့Ronald ဟာ အစပိုင်းမှာ ငွေရလွယ်တဲ့ အလုပ်တစ်ခုဟုယုံကြည်ကာ အလုပ်ကိုလက်ခံပေမဲ့ကိစ္စတွေက ထင်သလိုမရိုးရှင်းဘဲ သူတို့အလုပ်ရှင်တွေက အလုပ်ပြီးသွားရင် သူတို့ကိုသတ်ပစ်ဖို့ ကြံထားကြောင်းကို သိသွားသောအခါ ဒီလျို့၀ှက်စာရွက်စာတမ်းကို နှစ်ယောက်သားရအောင် ယူပြီးတော့ သူတို့ကို ဌားခဲ့တဲ့ လူတွေကို ပြန်ငွေညစ်ဖို့ ကြိုးစားခဲ့ပါတော့တယ်။
ဒါပေမဲ့ Curtနဲ့Ronaldမှာလဲ သူ့တို့အတိတ်က ရန်သူတွေက သူ့ကိုအသေရရ အရှင်ရရလိုက်ဖမ်းနေတာကြောင့် နှစ်ယောက်ဟာ အင်အားကြီး ငွေချမ်းသာလူတစ်စုနဲ့ ဦးနှောက်ချင်းပြိုင်ပြီး အကွက်ရွေ့ဖို့ ကြိုးစားရပါတော့တယ်။Curtနဲ့Ronaldတို့ နှစ်ယောက်သား ရဲတွေ ငွေချမ်းသာတွေ သူတို့ရန်သူတွေလက်ကနေ ဘယ်လိုလွှတ်အောင်ပြေးမလဲဆိုတာ ကြည့်ရှုကြပါအုံး။
-=-=-=-=-=-=-=-=--=-
Encoder -Xenon
Resolution- 1080P
Size - 2GB
-=-=-=-=-=-=-=-=-=